30 C
Yangon

လောင်းလုံးမြို့နယ်၊ ကျောက်နီမော် ကျေးရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု ခမရ ၄၀၅ တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီ တပ်သား ၄၀ ကျော် သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး

Must read

လောင်းလုံးမြို့နယ်၊ ကျောက်နီမော် ကျေးရွာရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု ခမရ ၄၀၅ တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီ တပ်သား ၄၀ ကျော် သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၅

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ ခမရ ၄၀၅ တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် စစ်သား၊ ပျူစောထီး ၄၀ ကျော်သေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့မှ စတင်ပြီး လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း ခမရ ၄၀၅ တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီ တပ်သား ၄၀ ကျော်သေဆုံးကာ စစ်ဘက်မှ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ စခန်းထဲအထိ ရောက်ခဲ့ပါတယ်၊ ဒါပေမယ့် မထိန်းနိုင်ခဲ့ဘူး။ ရေကြောင်းကနေ စစ်ကူပို့ တာကို မတားနိုင်ခဲ့ဘူး။ ကြည်း၊ ရေ၊ လေ သုံးခုစလုံးက ခုခံနေတော့ ပြန်ဆုတ်ပေးခဲ့ရတာပါ၊ လက်နက်ခဲယမ်းအချို့တော့ ရရှိခဲ့ပါတယ်” ဟု ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစုမှ ဦးဆောင်ကာ ဒေါနစစ်ကြောင်း တပ်ခွဲ – ၇ ၊ ဖက် ဒရယ်ဓူဝံတပ်ဖွဲ့နှင့် နွေဦးပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း၊ ထားဝယ်ခရိုင် တပ်ပေါင်းစုမှ ရဲဘော်၂ ဦး တိုင်းပြည်နှင့် ပြည်သူလူထုအတွက် မြင့်မြတ်စွာကျဆုံးခဲ့ကာ ရဲဘော် တချို့ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက် စစ်တပ် စခန်းကို သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကြည်း၊ ရေ၊ လေ အင်အား အလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် တပ်ပေါင်းစု တပ်ဖွဲ့ဝင်များက ခွာစစ်ပြုကာ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article