26 C
Yangon

စလင်းမြို့အနီး လမ်းလုံခြုံရေး စစ်ဆေးနေသော တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၇

မကွေးတိုင်း၊ စလင်းမြို့အနီး လမ်းပိုင်း လုံခြုံရေး စစ်ဆေးနေသော တော်လှန်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့ စလင်းမြို့အနီး လမ်းပိုင်း လုံခြုံရေး စစ်ဆေးနေသော စလင်း ပကဖ မှ တော်လှန်ရေး ရဲဘော်များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီး၊ ဒရုန်းများဖြင့် လာရောက် ပစ်ခတ် တိုက်ခိုက်သောကြောင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အင်အား ၁၀၀ ခန့်ဖြင့် စစ်ကူ စစ်ကြောင်းများ ရောက်ရှိသောကြောင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

“စလင်းမြို့အနီး ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ပြည်သူတွေ အနေနဲ့ ကြောက်လန့်နေတာထက်စာရင် ကိုယ်တက်နိုင်တဲ့ ဘက်ကနေပူး‌ပေါင်းပါဝင်ကူညီဖို့နဲ့ ပြည်သူတွေ နိုင်တဲ့ဘက်က ကူညီပါဝင်မှသာ တော်လှန်ရေး အမြန်ခရီးရောက်မှာပဲ ဖြစ်ပါတယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့သို့ တိုက်ပွဲများဖြစ်ပွားခဲ့သော်လည်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စလင်း-‌ဆင်ဖြူကျွန်း ကားလမ်းပိုင်းတွင် ခရီးသွားပြည်သူများကို စစ်ရေး လုံခြုံရေးအရ စစ်ဆေးမှုများ စနစ်တကျ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စလင်းမြို့မှ ပြည်သူများအနေဖြင့်လည်း စလင်း ပကဖ မှ စစ်ရေး လုံခြုံ‌ရေးအရ အချိန်နှင့်တပြေးညီ ထုတ်ပြန် ကြေညာချက်များကို စောင့်ကြည့်လိုက်နာပေးရန် မေတ္တာရပ်ခံကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article