ရန်ကုန်၊ ဇန်နဝါရီ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်၏ ဒရုန်း ၁ စီးကို သိမ်းဆည်းရရှိကြောင်း ဓနုလွတ်မြောက်ရေးတပ်မတော် – DPLA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇန်နဝါရီလ ၄ ရက်န့က ရပ်စောက်မြို့နယ်၊ ကျောက်ဂူရဲစခန်းနှင့် ကျောက်ဂူအမြောက်တပ် အမတ ၃၄၉ တပ်တို့ကို လည်းကောင်း၊ ဇန်နဝါရီလ ၅ ရက်နေ့က တောင်ထိပ်ရွာနှင့် အင်တောမြို့ကြား၌ လည်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများ ဆက် လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ဒရုန်း ၁ စီးကို သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“ထိခိုက်သေဆုံးမှုကတော့ အသေးစိတ်မသိရသေးဘူးပါ၊ စခတွေဘက်က လက်နက်ကြီးတွေနဲ့ ပြည် သူလူထုနေထိုင်ရာ ကျေးရွာတွေကို ပစ်ခတ်နေတာတွေရှိပါတယ်” ဟု ဓနုလွတ်မြောက်ရေးတပ်မ တော် – DPLA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူလူထုနေထိုင်ရာကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ခဲကြားရွာတွင်းသို့လည်းကောင်း၊ ဖက်ရင်းကုန်းရွာတွင်း သို့လည်းကောင်း စစ်တပ်၏ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲကာ နေအိမ် အဆောက် အအုံများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar