31 C
Yangon

ထားဝယ်တွင် စစ်တပ်၏ မဲချောင်း ၈ မိုင် တပ်စခန်းကုန်းနှင့် စစ်ဆေးရေးဂိတ် တို့ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၃ ဦးကျဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၇

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ မဲချောင်း ၈ မိုင် စခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်တို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ များပြားကြောင်း YePhyu People Defence Force – YPPDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့ ညနေ ၂ နာရီခန့်တွင် ထားဝယ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ မဲချောင်း ၈ မိုင် စခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် အပြန်အလှန် ပစ်ခတ်မှု ၁ နာရီခန့်ဖြစ်ပွားပြီး တော်လှန်ရေးအဖွဲ့များက စစ်ဆေးရေးဂိတ်ကို သိမ်းဆည်းနိုင်ခဲ့ပြီး MAကျည်ပေါက် ၄ ခု ၊ လက်ကိုင်ဖုန်း ၂ လုံး၊ စကားပြောစက် ၃ လုံး၊ ကျည် ၂၆၅ တောင့် နှင့် အီကွေးမန့် ၁ စုံ တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး ထက်မနည်း သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေး ရဲဘော် ၃ ဦး နိုင်ငံတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒူရက စစ်ကြောင်း၏ ဦးဆောင်မှုဖြင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ဖယ်ဒရယ်ဒူဝံကြယ်ဒရုန်းတပ်ဖွဲ့နှင့် (D.E.F-PDF) ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ စစ်ရေးများ အရှိန်အဟုန် တိုးမြင့်စွာ ဆောင်ရွက် နေသည့်အချိန် ဖြစ်သောကြောင့် စစ်ရေးအထူး သတိပြု သွားလာနေထိုင်ကြရန် တော်လှန်ရေး တပ်ဖွဲ့များက တိုက်တွန်းထားပြီး တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက် အမှန်တရားဘက် ရပ်တည်လိုသော စစ်ကောင်စီမှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန်ဆုံး ပူးပေါင်းပေးကြပါရန် အသိပေးလိုကြောင်း YePhyu People Defence Force – YPPDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article