ရန်ကုန်၊ ဇန်နဝါရီ ၈
လက်ရှိကာလတွင် တစ်နိုင်ငံလုံး လျှပ်စစ်အခက်အခဲများနှင့်ကြုံတွေ့နေရသည့် ကာလများဖြစ်ပြီး အကြောင်းအရင်းများအနေဖြင့်-
၁- သဘာ၀ဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်းခြင်း၊
၂ – သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်းများ ထိန်းသိမ်းပြုပြင်ခြင်းများကြောင့် လျှပ်စစ်ဓာတ်အား အပြည့်အ၀ မထုတ်လုပ်နိုင်ခြင်း၊
၃- သဘာ၀ဘေးဒဏ်ဖြစ်သည့် ရေကြီးရေလျှံမှုကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ လည်ပတ်မောင်းနှင်၍ မရသည့်အခက်အခဲများ ကြုံတွေ့နေရခြင်း၊
၄-မဟာဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲ့ရုံများ ဖျက်ဆီးခံရမှုကြောင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးပို့ မရခြင်း တို့ကြောင့် ဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ရေအားနှင့်သဘာ၀ဓာတ်ငွေ့ တို့အပေါ် အဓိက မှီခိုနေရကြောင်း၊ အချိန်တိုအတွင်း လျှပ်စစ်ဓာတ်အားရရှိရန် လိုအပ်လျက်ရှိသည့် အတွက် သဘာ၀ဓာတ်ငွေ့ရည် (LNG) သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်က နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းဆောင်ရွက်ရန်၊ ဧရာ၀တီမြစ်ရေကိုထိန်း၍ ရသည့်နေရာများတွင် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အနိမ့်တမံများ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်သွားရန်ညွှန်ကြားထားကြောင်း၊ ထို့ကြောင့် ဧရာ၀တီမြစ်အတွင်း အနိမ့်တမံ တည်ဆောက်၍ လျှပ်စစ်ထုတ်ယူနိုင်သည့်နေရာ ၁၆ ခုရှီပြီး ဦးစားပေး ၄ နေရာအနက်မှ အသင့်လျှော်ဆုံး ၁ နေရာကို အကျိုးအပြစ်များနှင့်အတူ ပြန်လည် တင်ပြရန် ညွှန်ကြားထားကြောင်း၊ ထို့ကြောင့် အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
လတ်တလော မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်ဟောင်းများ နေထိုင်သော ၆ လုံးတန်းအိမ်တန်းမှအပ မြန်မာတစ်နိုင်ငံလုံး အလှည့်ကျမီးပေးစနစ်ဖြင့် မီးပေးနေရပြီး လျှပ်စစ်ဓာတ်အားမှာ တစ်နိုင်ငံလုံးလိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းကျော်ဝန်းကျင်သာ ထုတ်လုပ်နိုင်တော့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar