ရန်ကုန်၊ ဇန်နဝါရီ ၈
ဧရာဝတီတိုင်း၊ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ နှင့် တိုင်းပကဖဦးဆောင်အဖွဲ့သည် ပုသိမ်ခရိုင် ၊ မြောင်းမြခရိုင်ပကဖ ၊ မအူပင်ခရိုင် နှင့် ဟင်္သတခရိုင်ပကဖ တာဝန်ရှိသူများ၊ရဲဘော်များနှင့် တွေ့ဆုံပြီး ဧရာဝတီတိုင်းပကဖ၏ ဆောင်ရွက်ထားရှိမှုအခြေနေများ၊ ရှေ့လုပ်ငန်းရှေ့လုပ်ငန်းစဉ်များကို ပကဖလုပ်ငန်းလမ်းညွန်နှင့်အညီ ဧရာဝတီ တိုင်းစစ်ဌာန ၊ ဗျူဟာ၊ တပ်ရင်း၊တပ်ဖွဲ့များ၊ တိုင်းတွင်းရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီညီ ဖော်ဆောင်သွားမည့် လုပ်ငန်းစဥ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်းသိရှိရသည်။
ထိုသို့တွေ့ဆုံမှု ခရီးစဉ်တွင် ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၊ တိုင်းပကဖတာဝန်ခံ ရဲဘော်အတူး ၊ စစ်ရေးတာဝန်ခံ ရဲဘော်ဂျိုကာ ၊စည်းရုံးရေးတာဝန်ခံ ရဲဘော်ထူးထက် ၊ဘဏ္ဏာရေးမှုး ရဲဘော်ဂျီးတော်၊ရုံးအဖွဲ့မှူး ရဲဘော်ဗေဒါနှင့် ပုသိမ်ခရိုင်၊ မြောင်းမြခရိုင် ၊ မအူပင်ခရိုင် ၊ င်္ဟသာတခရိုင်ပကဖတာဝန်ခံများ၊CRAH ဥက္ကဌနှင့်တိုင်းလွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar