26 C
Yangon

ICC ၀ရမ်းထုတ်ခံရတော့မည့် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီ၏ စိတ်မှန်း လူဦးရေစာရင်းဖြင့် လုပ်မည့် အတု အယောင် ရွေးကောက်ပွဲကို အားမပေးဘဲ နိုင်ငံရေးဂုဏ်သိက္ခာစောင့်ထိန်းကြရန် NUG တိုက်တွန်း

Must read

ရန်ကုန်၊ ဇန်နဝါရီ ၈

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ဖမ်း၀ရမ်းထုတ်ခံရတော့မည့် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီ၏ စိတ် မှန်း လူဦးရေ သန်းခေါင်စာရင်းဖြင့် ပြုလုပ်မည့် အမည်ခံ အတုအယောင်ရွေးကောက်ပွဲကို အားမပေးဘဲ နိုင်ငံရေးဂုဏ်သိက္ခာစောင့်ထိန်းကြရန် NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ပြောဆိုသည်။

ယနေ့ ပြုလုပ်သည့် “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း” (၆/၂၀၂၄)တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ တရားမဝင်အတုအယောင်လုပ်ပွဲတခုကို ရွေးကောက်ပွဲ အမည်ခံပြီး လုပ် ဆောင်ဖို့ ပြင်ဆင်နေတာတွေ့ရပါတယ်။ အဲဒီ့အတွက် ဟန်ပြ သန်းခေါင်းစာရင်းကောက်ယူမှုတခုကို ၂၀၂၄ ခုနှစ် စက်တင် ဘာလအတွင်းပြုလုပ်ခဲ့ပြီး ၎င်းတို့ စိုးမိုးထိမ်းချုပ်နိုင်ခြင်းမရှိတဲ့ ဒေသတွေက လူဦးရေစာရင်းကို စိတ်မှန်း (Remote Sensing) နဲ့ ကောက်ခံခဲ့ကြောင်းကိုလည်း အကြမ်းဖက်စစ်အုပ်စုကိုယ်တိုင်က ထုတ်ပြန် ဝန်ခံထားတာ တွေ့ရပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားကြတဲ့ နိုင်ငံတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး(ICC) ရဲ့ဖမ်းဝရမ်းထုတ်တာကို ခံရတော့မယ့် စစ်ရာဇဝတ်ကောင် ပြုလုပ်မယ့် ဘယ်လိုရှုထောင့်ကပဲကြည့်ကြည့် တရားဝင်မှု မရှိတဲ့ ရွေးကောက်ပွဲအမည်ခံ လုပ်ပွဲကို အားမပေးခြင်းဖြင့် မိမိတို့ရဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို စောင့်ထိန်းကြဖို့လိုအပ်ကြောင်း ထပ်မံပြောကြား လိုပါတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို လက်မခံသကဲ့သို့ NUG အပါဝင် တော်လှန်ရေးအင်အားစုများက ချမှတ်ထားသော နိုင်ငံရေးဘုံသဘောထားများအရလည်း တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းကို ဖွင့်လှစ်ထားကြောင်း၊ ယင်းဘုံသဘောထား ၆ ချက်တွင် စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်၊ လက် နက်ကိုင်တပ်ဖွဲ့များ အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်၊ သက်ဆိုင်သူအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ ရေးဆွဲပြဌာန်းရန်၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ဆောက်ရန်၊ ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူး ပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန် တို့ဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်အနေဖြင့် အဆိုပါ နိုင်ငံရေးဦးတည်ချက် ၆ ချက်ကို လက်ခံမည်ဆိုလျှင် စစ်အာဏာသိမ်းမှုကို အဆုံး သတ်ပြီး အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးသွားရမည်ဟု လုပ်ငန်းစဉ် (ခ) တွင် အတိအလင်းကြေညာထားပြီးဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောဆိုသည်။

ဓာတ်ပုံ – အကြမ်းဖက် မင်းအောင်လှိုင် စက်ဖြင့် မဲပေးသည့်စနစ်ကို စမ်းသပ်နေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက် မင်းအောင်လှိုင် စက်ဖြင့် မဲပေးသည့်စနစ်ကို စမ်းသပ်နေစဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article