19 C
Yangon

ပခုက္ကူ ညောင်ဂျစ်ပင်ရွာရှိ စစ်တပ် အထိုင် စခန်းနှင့် မုံရွာ တောပုပျူစောထီးရွာကို ရော့ကတ်၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

Must read

ပခုက္ကူ ညောင်ဂျစ်ပင်ရွာရှိ စစ်တပ် အထိုင် စခန်းနှင့် မုံရွာ တောပုပျူစောထီးရွာကို ရော့ကတ်၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိ

ရန်ကုန်၊ဇန်နဝါရီ ၈

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင် စခန်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ မြိုင်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ပခုက္ကူမြို့နယ်၊ ညောင်ဂျစ်ပင်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေ သေဆုံးမှုကတော့ သေချာ မသိရသေးဘူး စစ်ခွေး အထိုင်စခန်းထဲကတော့ အော်သံ ငိုသံတွေတော့ ကြားခဲ့တယ်။ သူတို့နေတဲ့ နေရာကို ရော့ကတ် ၂ လုံးကျရောက် ပေါက်ကွဲခဲ့တယ်။ ထိခိုက်မှုရှိတာတော့ သေချာတယ် အရေအတွက်ပဲ အတည်ပြုနိုင်ခြင်းမရှိသေးတာ” ဟု ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ မြိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ တောပုပျူစောထီးရွာကို ၄ ရက် ဆက်တိုက် ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Urban Hunter Force – UHF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက် ၊ ၃ ရက်၊ ၄ရက်နှင့် ၅ ရက်နေ့တို့တွင် မုံရွာမြို့နယ် အတွင်းရှိ တောပုပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ၄ ရက် ဆက်တိုက် ဒရုန်းဖြင့် ဗုံးသီး ၄၈ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ၏ ဒရုန်း ၃ စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“စစ်ခွေး သေစာရင်းကတော့ မသိရှိရသေးပါဘူး။ ပျူစောထီး နေအိမ်တွေ ပျက်စီးတယ်။ ကျွန်တော်တို့ ဒရုန်း ၃ စီး ပျက်စီး ဆုံးရူံးခဲ့တယ်။ ထိတာထိတယ် ရွာထဲကနေ ထွက်လာပြီး ကင်းဝတ်တယ်။ လက်နက်ကြီး ၁ လုံး ပြန်ထုတယ်။ ထိခိုက်မှုရှိ နိုင်တယ်” ဟု Urban Hunter Force – UHF မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Urban Hunter Force – UHF၊ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း၊ တပ်ခွဲ(၂)တိုင်းကျော်တပ်ခွဲ၊ စစ်ကိုင်းခရိုင်ဒရုန်းတပ်ရင်း အမှတ် ၁၈၂၅ (SDDF)၊ မိတ္ထီလာ Special Defence Force၊ Shining Star Local Defence Force တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article