23 C
Yangon

ပုသိမ်ကြီးမြို့တွင် EPC ရုံးစောင့် လုပ်နေသည့် ခမရ ၁၁၆ တပ်ရင်းမှ တပ်ကြပ် စိန်သန်း ပစ်ခတ် ခံရပြီး သေဆုံး

Must read

ပုသိမ်ကြီးမြို့တွင် EPC ရုံးစောင့် လုပ်နေသည့် ခမရ ၁၁၆ တပ်ရင်းမှ တပ်ကြပ် စိန်သန်း ပစ်ခတ် ခံရပြီး သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၈

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့တွင် EPC ရုံးစောင့် လုပ်နေသည့် ခမရ ၁၁၆ တပ်ရင်းမှ တပ်ကြပ် စိန်သန်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပကဖ က ပြောဆိုသည်။

ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ပုသိမ်ကြီးမြို့ EPC ရုံးစောင့် လုပ်နေသော ခမရ ၁၁၆ တပ်ရင်းမှ တပ်ကြပ်စိန်သန်းသည် မြင်စိုင်းလမ်းပိုင်းတွင် စစ်ယူနီဖောင်းဖြင့် သွားလာနေစဉ် တော်လှန်ရေး ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းပစ်ခတ် တိုက်ခိုက်မှု အတွင်း တပ်ကြပ် စိန်သန်းသည် သေနတ်ကျည် ထိမှန်ပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article