32 C
Yangon

ရခိုင်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် ဗိုလ်မှူးချုပ် ၃ ဦး၏ မိသားစုဝင်များ စစ်တပ်ထံမှ လစာထုတ်ယူခွင့်မရရှိတော့သည့်အပြင် စစ်တပ်က ပေးထားသည့် အရာရှိအိမ်ရာများမှလည်း ဖယ်ရှားပေးရတော့မည်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၉

ရခိုင်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည့် ဗိုလ်မှူးချုပ် ၃ ဦး၏ မိသားစုဝင်များအနေဖြ့် စစ်တပ်ထံမှ လစာထုတ်ယူခွင့်မရတော့ကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

AA က ဒီဇင်ဘာလ ၂၀ ရက်နေ့ အမ်းမြို့နယ်ရှိ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းကိုလည်းကောင်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကိုလည်းကောင်း၊ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် စကခ ၁၅ မှ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို မောင်တောတွင်လည်းကောင်း အရှင် လက်ရဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ အဆိုပါ ဗိုလ်မှူးချုပ် ၃ ဦး၏ မိသားစုဝင်များအနေဖြင့် လစာကို ထုတ်ယူခွင့်မရတော့ကြောင်း၊ ထို့ပြင် တပ်က ပေးအပ်ထားသော နေအိမ်များမှလည်း များမကြာမီ ရွှေ့ပြောင်းရမည့် အခြေအနေများရှိနေကြောင်း သိရှိရသည်။

“စစ်သုံ့ပန်းအဖြစ် အဖမ်းခံရတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်းက ဇနီး နန်းဖြူဖြူဖြိုး၊ သမီး သက်ထားစံနဲ့ သား ခန့်စစ်သွေးတို့ ကျန် ရစ်ခဲ့ပါတယ်။ အခု ဇနီးနဲ့ သားသမီးတွေ သူ့အဖေရဲ့ လစာကို ထုတ်ယူလို့မရတော့ဘူးလို့ သိရတယ်။ ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ မိသားစုတွေလည်း လစာထုတ်လို့မရတော့ဘူး။ တပ်က ပေးထားတဲ့နေရာတွေကပါ ဖယ်ခိုင်းတော့မယ်လို့ သိရတယ်။ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကတော့ စစ်သည်တွေနဲ့ အရာရှိတွေ လက်နက်ချဖို့ အလံဖြူထောင်ဖို့ ထွက်ပြောတော့ သူ့မိသားစုက အခြေအနေ အဆိုးဆုံးဖြစ်နေတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

AA က ဖမ်းဆီးရရှိထားသော စစ်တပ် ဗိုလ်မှူးချုပ် ၃ ဦးအနက်မှ ဗိုလ်မှူးချုပ် သူရိန်ထွန်းမှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (မန္တလေး)တွင် တိုင်းဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်စဉ် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ နန်းတွင်း စစ် ကြောရေးတွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးညှဉ်း ပန်း နှိပ်စက်သတ်ဖြတ်ခြင်း၊ စစ်အာဏာရှင် ဆန့်ကျင်သော ဗကသ ကျောင်းသူတချို့ကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး နာမည်ကြီးသော ဆရာတော် အလင်္ကာကြယ်ကို ထောင်မှထွက်လာပြီးနောက် သတ်ဖြတ်ခြင်း အပါအဝင် စစ်ရာဇဝတ်မှုများကို အမိန့်ပေးကျူးလွန်ခဲ့သူဖြစ်ပြီး AA က ကျူးလွန်သော စစ်ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေး အရေးယူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထို့အတူ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းမှာလည်း စစ်တက္ကသိုလ် အပတ် စဉ် ၄၁ ကျောင်းဆင်းဖြစ်ပြီး စစ်ပွဲကာလအတွင်း ရခိုင်တိုင်းရင်းသား အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း ၊ လေကြောင်းဖြင့် ဗုံးကျဲသတ် ဖြတ်ခြင်းများတွင် အဓိက ပါဝင်ရသူဖြစ်ကြောင်း၊ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းမှာလည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းဦးစီးချုပ်ဖြစ်၍ ပြည်သူကို ပစ်မှတ်ထားသော သတ်ဖြတ်မှုများ၊ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများတွင် တိုက်ရိုက်ပါဝင်ပတ်သက်လျက်ရှိကြောင်း တပ်သတင်းရင်းမြစ်တချို့က ရှင်းပြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article