23 C
Yangon

ကျောက်နီမော်ဒေသ တိုက်ပွဲအတွင်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျောက်နီမော်ရွာမှ နေအိမ် အများအပြား မီးလောင် ပြာကျ

Must read

ကျောက်နီမော်ဒေသ တိုက်ပွဲအတွင်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ကျောက်နီမော်ရွာမှ နေအိမ် အများအပြား မီးလောင် ပြာကျ

ရန်ကုန်၊ ဇန်နဝါရီ ၉

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကျောက်နီမော် ဒေသတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ကျောက်နီမော်ရွာမှ နေအိမ် အများအပြား မီးလောင် ပြာကျခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ မှ ၂၇ ရက်နေ့ထိ ဖြစ်ပွားခဲ့သော လောင်းလုံးမြို့နယ်၊ ကျောက်နီမော် ဒေသ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲခြင်း၊ ရေတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးခြင်းကြောင့် ကျေးရွာအတွင်းမှ နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာနေ ပြည်သူများသည် လက်ရှိချိန်ထိ ဆက်လက် တိမ်းရှောင်နေရပြီး ပြည်သူများ ကျေးရွာအတွင်း ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော နေအိမ် အရေအတွက်ကို လက်ရှိချိန်ထိ အတည်ပြုနိုင်ခြင်းမရှိသေးဘဲ နေအိမ် အရေအတွက် ၂၀ ကျော် မီးလောင် ပြာကျနိုင်ကြောင်း သိရှိရသည်။

“တိုက်ပွဲထဲမှာ စစ်ခွေးတွေက မီးရှို့ပြီး တဖက်ကမ်းကို ထွက်ပြေးကြတာပါ။ နောက်ပြီး စစ်ခွေးတွေ လေယာဉ်နဲ့ ဗုံးကျဲတာကော ရေတပ်က လက်နက်ကြီးနဲ့ ပစ်တာကော နေအိမ် အများအပြား မီးလောင်ခဲ့တယ်။ မီးကတစ်ဆောင်နဲ့ တစ်ဆောင်ကပ်နေတော့အကုန်လုံး မီးကူးပြီးလောင်ကုန်တာ ခုထိတော့ ရွာထဲမ၀င်ရဲကျသေးတော့ နေအိမ်အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးဘူး။ နေအိမ်အရေအတွက် ခန့်မှန်းတော့ ၂၀ ကျော်လောက်ပြာကျမယ် ထင်တယ်” ဟု ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

အဆိုပါ ကျောက်နီမော် ဒေသ တိုက်ပွဲအတွင်း ခမရ ၄၀၅ တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီ တပ်သား ၄၀ ကျော်သေဆုံးကာ စစ်တပ်ဘက်မှ အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်း တချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article