23 C
Yangon

တောင်သာမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော အထက ၁ ကျောင်း အပါအဝင် နေရာ ၆ ခုကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိကာ တော်လှန်ရေး အောင်လံလွှင့်ထူခဲ့

Must read

တောင်သာမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော အထက ၁ ကျောင်း အပါအဝင် နေရာ ၆ ခုကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိကာ တော်လှန်ရေး အောင်လံလွှင့်ထူခဲ့

ရန်ကုန်၊ ဇန်နဝါရီ ၁၃

မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော အထက ၁ ကျောင်း အပါအဝင် နေရာ ၆ ခုကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိကာ တော်လှန်ရေး အောင်လံလွှင့်ထူနိုင်ခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် တောင်သာမြို့ပေါ်ရှိ အထက ၁ ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၁ ဦးကို မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ဝင်ရောက် စီးနင်းသိမ်းပိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ကျောင်းအတွင်းရှိ ကျောင်းသားများကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဘေးလွတ်ရာ ပို့ဆောင်ခဲ့ပြီး အထက ၁ ကျောင်းကို စီးနင်းချိန်တွင် အသက်ရှင် ကျန်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အုတ်တံတိုင်းကျော်၍ ထွက်သွားပြီး စစ်သား ၁၀ ဦး မျက်မြင်သေဆုံးခဲ့ကာ အထိအခိုက်များစွာဖြင့် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းချိန်တွင် လက်နက် ၁ လက်သာ အကောင်းတိုင်း ကျန်ရှိပြီး ကျန်ရှိနေသော လက်နက်များသည် RPG ထိမှန်ပြီး ပျက်စီးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တောင်သာမြို့နယ် အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် ဝဏ္ဏဌေး အခန်းကို ပစ်ခတ်ရာ လက်ရုံး တပ်ကြပ်ကြီး အောင်မင်း သေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲပြီးဆုံးပြီးနောက် အထက ၁ ကျောင်းရှိ အလံကို ဖြုတ်ချပြီး မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း အလံ ၊ တပ်ခွဲ ၂ အလံကို ချိတ်ဆွဲပြီး အလေးပြုခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အလေးပြုပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက မြို့ထဲကို ထပ်မံဝင်ရောက်ပြီး “အတင်းကြုံးတဲ့ ရင်း ၃” ကြွေးကြော်သံများဖြင့် မြို့တော်ခန်းမရှေ့တွင် ကင်းစောင့်နေသော စစ်သား ၂ ဦး ၊ အင်းဝဘဏ်ရှေ့တွင် ကင်းစောင့်နေသော စစ်သား ၂ ဦး၊ ပျူစောထီး ခေါင်းဆောင် သန့်စင် နှင့် မိုးဝင်း တို့ ဖွင့်လှစ်ထားသော ဆိုင်ကယ်ပြင်ဆိုင်၊ တောင်သာမြို့အနောက်ဇဂျမ်းဂိတ်နှင့် စွပ်ကျယ်စက်ရုံ တို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ် တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်မှုရှိပြီး သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

တောင်သာမြို့ပေါ် အထက ၁ ကျောင်းကို ဝင်ရောက် စီးနင်းသိမ်းပိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဝေဟင်ပစ်ကူများပေးခဲ့ပြီး မြို့နေပြည်သူများ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်း၊ တပ်ခွဲ ၂ မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article