23 C
Yangon

မံစီမြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော စစ်သား ၃၀၀ ကျော်ထဲမှ ၄၀ ကျော် ထပ်မံသေဆုံး၊ ၄ ရက်အတွင်း ထွက်ပြေးစစ်သား ၁၈၀ ကျော်ကို ရှင်းလင်းနိုင်ဟုဆို၊ ဗန်းမော် ခလရ ၄၇ ကို ထိုးစစ်အရှိန်မြှင့်နေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ကချင်ပြည်နယ်၊ မံစီမြို့သိမ်းတိုက်ပွဲတွင် ထွက်ပြေးသွာသော စစ်ကောင်စီတပ်ရင်းများမှ စစ်သား ၃၀၀ ကျော်ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက လိုက်လံရှင်းလင်းရာ စစ်သား ၄၀ ကျော်ကို ထပ်မံ ရှင်းလင်းနိုင်ခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့တွင် မံစီမြို့နယ်တစ်ခုလုံးကို KIA နှင့် တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိပြီးနောက် ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းများမှ စစ်သား ၃၀၀ ကျော် ထွက်ပြေးသွားခဲ့ကြောင်း၊ အဆိုပါ ထွက်ပြေးသွားသော စစ်သားများကို လိုက်လံချေမှုန်းရာတွင် ပထမအကြိမ်တွင် စစ်သား ၁၄၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ပြီး ထပ်မံ၍ စစ်သား ၄၀ ကျော်ကို ထပ်မံ ချေမှုန်းနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် စစ်သား ၁၈၀ ကျော်ကို ချေမှုန်း သုတ်သင်နိုင်ခဲ့ကြောင်း သိရှိရသည်။

“မံစီကနေ ထွက်ပြေးသွားတဲ့ စစ်သား ၃၀၀ ကျော်ထဲကနေ ၁၈၀ ကျော်လောက်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့ပါတယ်။ အဲဒီအထဲက ၁၀၀ ကျော်လောက်က ဗန်းမော်ထဲကို ဝင်သွားပြီ။ အလောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိပါတယ်” ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ဗန်းမော်မြို့နယ်တစ်ခုလုံးကို အပြီး သတ်သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်နေရာတွင် အဓိက စခန်းကြီး ၂ ခုဖြစ်သော စကခ ၂၁ နှင့် ဗန်းမော် ခလရ ၄၇ တို့သာ ကျန်ရှိတော့ကြောင်း၊ ခလရ ၄၇ မှာလည်း မံစီနှင့်အနီးကပ်ဆုံးတည်ရှိပြီး ထိုးစစ်အရှိန်မြှင့်တင်ထား သည့်အတွက် မကြာမီ သိမ်းပိုက်ရရှိနိုင်ဖွယ်ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ကချင်ပြည်နယ်၊ ဗန်းမော်နှင့်မံစီမြို့နယ်တို့ကို ဒီဇင်ဘာလ ၄ ရက်နေ့မှစတင်၍ အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article