25 C
Yangon

NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ PDF တပ်ရင်းများထံ ဇန်နဝါရီလ ပထမ နှစ်ပတ်အတွင်း စစ်သားနှင့် ရဲ ၂၉ ဦး အလင်းဝင်

Must read

NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ PDF တပ်ရင်းများထံ ဇန်နဝါရီလ ပထမ နှစ်ပတ်အတွင်း စစ်သားနှင့် ရဲ ၂၉ ဦး အလင်းဝင်

ရန်ကုန်၊ ဇန်နဝါရီ ၁၄

အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်းများထံ ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း စစ်သားနှင့် ရဲ ၂၉ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂ ရက်နေ့တွင် ဆောမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး ဂန့်ဂေါခရိုင် တပ်ရင်း-၂ ထံ G-3 သေနတ် ၁ လက်၊ 7.62 ကျည် ၅၀ တောင့်၊ ကျည်အိမ် ၂ ခုဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၆ ရက်နေ့တွင် ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းသို့ ထွက်လာသော စစ်ကြောင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦးသည် MA-1 (၁) လက်၊ MA-3 (၁) လက်၊ MA ကျည် (၄၃၂) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ MA ကျည်ဘောက် (၉) ခုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅) ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ဘီးလင်းမြို့နယ်၊ လဂွန်းပျိုစခန်းမှ စစ်ကောင်စီ တပ်သား ၁၆ ဦး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ပြီး ၈၀မမ (၁) လက်၊ ၆၀မမ (၁) လက်၊ စက်လက် (၁)လက်၊ စနိုက်ဘာ (၁)လက်၊ MA-1 ၇လက်၊ MA-2 (၁)လက်၊ MA-3 (၁)လက်၊ MA-4 ၁လက် ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၉ ရက်နေ့တွင် ဆောမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦးသည် G-3 (၁) လက်၊ ကျည် (၃၄၉) တောင့်၊ လက်ပစ်ဗုံး (၄) လုံး၊ ကျည်ဘောက် (၂) ခုတို့ဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း-၃ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ယင်းနေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ BPI မွေးမြူရေးစခန်းမှ စစ်သား ၂ ဦးသည် MA-1 (၂) လက်၊ အီနာဂါ ဗုံးသီး (၁) လုံး၊ နာနတ်သီးဗုံး (၂) လုံး၊ MA ကျည် (၁၆၆) တောင့်၊ ပို့ကျည် (၅) တောင့်၊ ကျည်အိမ် (၁၀) ခုဖြင့် ပခုက္ကူခရိုင် တပ်ရင်း-၈ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားကျေးရွာတွင် ယာယီအ‌ခြေပြုနေသော ဗိုလ်ကြီး အေးမျိုးထွန်း ဦးစီး ခမရ-၁၃ မှ ပြည်သူ့စစ် တပ်သား ၂ ဦးသည် MA-1 (၂) လက်၊ MA ကျည် (၄၆၀) တောင့်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း-၂ ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အမှတ် ၁၂ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း အပတ်စဉ် (၅) သင်တန်းဆင်း ခမရ ၅၅၉ တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်သား ၂ ဦးသည် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၃ ဒေါနတပ်ရင်းသို့ လက်နက်များဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း၊ အဆိုပါတပ်သား ၂ ဦးသည် စစ်ကောင်စီတပ်၏ အတင်းအဓမ္မ တပ်သားစုဆောင်းမှုတွင်ပါဝင်ခဲ့ကြရသူများဖြစ်ပြီး ၎င်းတို့နှင့်အတူ MA-1 (၁)လက်၊ MA-3 (၁)လက်၊ ကျည် ၁၇၅တောင့်၊ ကျည်ဘောက် ၆ ဘောက် ၊ လက်ပစ်ဗုံး (၁) လုံး ကိုလည်း ယူဆောင်လာခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း အလင်းဝင်ရောက်လာသူများထံမှ MA–1 (၁၃) လက်၊ MA-2 (၁) လက်၊ MA-3 (၃) လက်၊ MA-4 (၁)လက်၊ G-3 (၂) လက်၊ MA ကျည်ဘောက် (၂၉) ဘောက် ၊ စနိုက်ဘာ (၁) လက်၊ စက်လက် (၁) လက်၊ ၈၀မမ (၁)လက်၊ ၆၀မမ (၁)လက်၊ လက်ပစ်ဗုံး (၁၀) လုံး၊ 7.62 ကျည် ၅၇၄ တောင့်၊ MA ကျည် ၁၀၅၈ တောင့်၊ ပို့ကျည် ၅ တောင့်၊ အီနာဂါဗုံးသီး ၁ လုံး တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article