28 C
Yangon

ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုခူကျေးရွာ စစ်ဘေးရှောင်စခန်းကို စစ်တပ် လေကြာင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုခူကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း KNDF ဗဟို သတင်း နှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဇန်နဝါရီ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန် ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုခူကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အသက် ၃၈ နှစ်အရွယ် နှင့်အသက် ၃၁ နှစ်အရွယ် ပြည်သူ ၂ ဦး ပွဲချင်းပြီးသေဆုံးကြောင်း၊ ကျန်တစ်ဦးမှာ ဆေးကု သမှုခံယူရင်း သေဆုံးသွားကြောင်း၊ သေဆုံးသူများမှာ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးဖြစ်ကြောင်း သိရသည်။

“ဒီးမော့ဆိုမြို့နယ်၊ ဒေါဆိုခူကျေးရွာ စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်တဲ့အတွက် ပြည်သူ ၃ ဦးသေဆုံးခဲ့တယ်။ ၄ ဦးဒဏ်ရာရတာပေါ့၊ ၂ ဦးကတော့ ပွဲချင်းပြီးသေဆုံးပြီးတော့ တစ်ဦး က တော့ဆေးကုသမှုခံယူနေရင်းနဲ့ သေဆုံးသွားတာဖြစ်ပါတယ်။ သေဆုံးသူ ၂ ဦးက အမျိုးသမီး တွေ ဖြစ်တယ်၊ တစ်ဦးကတော့ အမျိုးသားဖြစ်ပါတယ်” ဟု KNDF ဗဟို သတင်း နှင့်ပြန်ကြားရေးဌာနမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့အပြင် အသက် ၆၀ အရွယ် အမျိုးသမီးတွင် မျက်နှာထိခိုက်ဒဏ်ရာ၊ အသက် ၅၅ နှစ်အရွယ် အမျိုး သမီးတစ်ဦးတွင် ခြေ ထောက်နှစ်ဖက်ဒဏ်ရာ ၊ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် မျက် နှာဒဏ်ရာ၊ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ညာဘက်ခြေထောက် ဒဏ်ရာနှင့်အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦးတွင် ပေါင်ဒဏ်ရာရရှိခဲ့ပြီး ယင်း ၅ ဦးထဲမှာ စိုးရိမ်ရသူတစ်ဦးမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article