24 C
Yangon

မြန်မာစစ်အုပ်စု က လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများကို မြေလှန်ဖျက်ဆီးနေဟု HRW ပြော

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

မြန်မာစစ်အုပ်စု ဟာ သူတို့လက်လွှတ်ဆုံးရှုံး လိုက်ရတဲ့ မြို့တွေ ကို မြေလှန်ဖျက်ဆီးတဲ့ နည်းဗျူဟာပိုမိုအသုံးပြုလာတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က မနေ့ဇန်နဝါရီ ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲတွေမှာ အထိနာပြီး ဆုံးရှုံးမှုတွေ ဆက်တိုက်ဖြစ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ သူတို့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေမှာ အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ HRW ကဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်တဲ့နယ်မြေတွေထဲမှာ စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ လေကြောင်းကနေတိုက်ခိုက်တာ၊ သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ မီးရှို့တာတွေ အပါအဝင် အရပ်သားတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ဥပဒေမဲ့တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာကစလို့ တနိုင်ငံလုံးမှာ တိုက်ပွဲတွေပြင်းထန်ခဲ့သလို စစ်ကောင်စီကလည်း အရပ်သားတွေရှိတဲ့ အခြေခံ အဆောက်အအုံတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ HRW ကထုတ်ပြန်ထားတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ၂၀၂၁ မေလကနေ ၂၀၂၄ သြဂုတ်လအထိ စစ်ကိုင်းတိုင်းတခုထဲမှာ နေအိမ် တစ်သိန်းကျော်ကို မီးရှို့ခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်ပိုင်းမှာလည်း လူငယ်တွေကို ပြန်ပေးဆွဲတာ၊ အကျဉ်းချတာ၊ ရှေ့တန်းမှာ လူသားဒိုင်းအနေနဲ့ အသုံးပြုတာတွေရှိခဲ့တယ်လို့ HRW ရဲ့ ထုတ်ပြန်ချက်ကဆိုပါတယ်။

စစ်ကောင်စီ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပဲ ရခိုင်ပြည်အတွင်း က အာရက္ခတပ်တော် AA သိမ်းယူထားတဲ့ ရမ်းဗြဲမြို့နယ်၊ ကျောက်တော် နဲ့ ပေါက်တောမြို့တွေကိုဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

အလားတူ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ သိမ်းပိုက်ထားတဲ့မြို့ အများအပြားကိုလည်း ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

မနေ့က ဇန်နဝါရီ ၁၆ ရက်မှာလည်း စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ထဲက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားတဲ့ ခါမ်းပါတ်မြို့နဲ့ ကနန်ရွာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဓာတ်ပုံ – ဇန်နဝါရီလ ၈ ရက်နေ့ ရမ်းဗြဲကျွန်း၊ ကျောက်နီမော်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေစဉ်။

(Connect Burma သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article