32 C
Yangon

မြ၀တီမြို့မှ ထွက်ပြေးလာသော အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦး ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်က ဖမ်းဆီးရရှိ

Must read

မြ၀တီမြို့မှ ထွက်ပြေးလာသော အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦး ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းစစ်တပ်က ဖမ်းဆီးရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့တွင် အလုပ်လုပ်နေသော အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦးသည် ထွက်ပြေးလာပြီး ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်စဉ် ထိုင်းစစ်တပ်က ဖမ်းဆီးရရှိခဲ့ကြောင်း ထိုင်းသတင်းများအရ သိရှိရသည်။

ထိုင်းနိုင်ငံ၊ တက်ခရိုင်၊ မဲဆောက်မြို့နယ်တွင် ထိုင်းနိုင်ငံအတွင်းသို့ ထွက်ပြေးလာသည့် အမျိုးသား ၃၀ ဦး၊ အမျိုးသမီး နှစ်ဦးစုစုပေါင်း အင်ဒိုနီးရှားနိုင်ငံသား ၃၂ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ ညပိုင်း နယ်စပ်ဖြတ်ကျော်လာစဉ် အဆိုပါ တရားမဝင် ကူးဖြတ်လာသူများကို ထိုင်းစစ်တပ်က ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် အလုပ်လုပ် ကိုင်နေသည့် မြန်မာနိုင်ငံ မြဝတီမြို့မှ ထွက်ပြေးလာခြင်းဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသို့ ပြန်လိုသည်ဟု ဆိုကြသည်။

အဆိုပါ အင်ဒိုနီးရှားနိုင်ငံသား အားလုံးကို မဲဆောက်ခရိုင် ရဲစခန်းတွင် စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရှိရသည်။

သတင်းနှင့်ဓာတ်ပုံ- ဘန်ကောက်ပို့စ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article