25 C
Yangon

ရခိုင်နှင့်ထိစပ်နေသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းအစပ်တို့သို့ တိုက်ပွဲများ ရောက်ရှိနေပြီဟု AA ပြော ၊ အမ်း-ပဒါန်းလမ်းအနီး တိုက်ပွဲများတွင် စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းနှင့်စစ်သုံ့ပန်းများ ဖမ်းဆီးရရှိ

Must read

ရခိုင်နှင့်ထိစပ်နေသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းအစပ်တို့သို့ တိုက်ပွဲများ ရောက်ရှိနေပြီဟု AA ပြော ၊ အမ်း-ပဒါန်းလမ်းအနီး တိုက်ပွဲများတွင် စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းနှင့်စစ်သုံ့ပန်းများ ဖမ်းဆီးရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၁

ရခိုင်ပြည်နယ်နှင့်စပ်လျက်ရှိသော ဧရာ၀တီတိုင်း၊ ပဲခူးတိုင်းနှင့် မကွေးတိုင်းအစပ်တို့တွင် တိုက်ပွဲများ ရောက်ရှိနေပြီဖြစ် ကြောင်း AA က ပြောဆိုထုတ်ပြန်လိုက်သည်။

စစ်ကောင်စီက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် နှင့် အမ်း၊ တောင်ကုတ်၊ ဂွမြို့ များမှ ၎င်းတို့၏ စစ်စခန်းများအားလုံးကို တစ်ခုမကျန် လက်လွှတ်လိုက်ရပြီးနောက် ရခိုင်ရိုးမ နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော ရိုးမတောင်တန်း ၊ ရခိုင်-ပဲခူးအစပ်၊ ရခိုင်-မကွေးအစပ်၊ ရခိုင်-ဧရာဝတီတိုင်း အစပ် နှင့် ရခိုင်ရိုးမ-ဧရာဝတီတိုင်းအစပ်တို့တွင် စစ်တပ်နှင့် AA တို့အကြားတိုက်ပွဲများပြင်း ထန်နေကြောင်း သိရှိရသည်။

ရခိုင်-ဧရာဝတီတိုင်း အစပ်၏ နေရာအချို့ ၊ ပွိုင့် ၃၆၉ ကုန်း နှင့် ဧရာဝတီတိုင်း၊ ရေကြည်မြို့ ၊ ချင်းစုကျေးရွာအနီးတွင်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရခိုင်ပြည်နယ်၊ အမ်းမြို့ နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာ အနီးပတ်ဝန်းကျင် (တစ်နည်းအားဖြင့်) အမ်း-ပဒါန်း ကားလမ်းမအနီး အပြန်အလှန် ထိုးစစ်၊ ခံစစ်များနှင့်အတူ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခဲ့သည်မှာ တစ်ပတ်ကျော်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ တပ်မ ၈၈ ၊ ၉၉ လက်အောက်ခံတပ်ရင်းများ၊ မကွေး၊ ကပစ မှ တပ်ဖွဲဝင်များပါဝင်သည့် စစ်တပ် တပ်ရင်းများနှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ ကတည်းကပင် စတင်ထိတွေ့ဖြစ်ပွားလျက်ရှိကြောင်း၊ အဆိုပါ တိုက်ပွဲများအတွင်း စစ်သားများ၏ အလောင်းအမြောက်အမြားကို သိမ်းဆည်းရမိသကဲ့သို လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားတိုကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်သုံ့ပန်းအချို့ ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်းတွင်လည်း အာရက္ခတပ်တော်က သိမ်းပိုက်ရန် ကျန်ရှိနေသည့် အဓိက မြို့ ကြီးသုံးမြို့ ဖြစ်ကြသော စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့ များထဲမှ စစ်တွေမြို့ နှင့်အနီးတစ်ဝိုက်တွင် စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသကဲ့သို လေကြောင်း၊ ရေကြောင်းများမှလည်း ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့စဉ်နှင့်အမျှရှိနေခဲ့ကြောင်း၊ အထူးသဖြင့် ဒရုန်းတိုက်ခိုက်မှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများမှာ ပိုမိုများပြားခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၀ ရက်၊ မွန်းလွဲ ၁ နာရီ ၁၂ မိနစ်အချိန် စစ်ကောင်စီက စစ်တွေမြိုနယ်၊ ကံ့ကော်ကျွန်းရွာမှ ၎င်း၏တစ်ဖက်ကမ်းရှိ ဝါဘိုကျေးရွာအတွင်းသို့ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ဝါဘိုကျေးရွာအတွင်းရှိ အရပ်သားလူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ – ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ မှ ၁၉ရက်နေ့များတွင် အမ်း-ပဒါန်းလမ်းပိုင်း သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများ၊ စစ်သုံပန်း နှင့် စစ်သားအလောင်းတချို့။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article