31 C
Yangon

မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်၊ ငွေကြည်တော်ကုန်း ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၃၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ ပြောင်းရွှေ့ခိုင်းနေပြီး မပြောင်းလျှင် ဖျက်ဆီးမည်ဟု စစ်တပ်နှင့်စည်ပင်က ခြိမ်းခြောက်

Must read

မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်၊ ငွေကြည်တော်ကုန်း ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၃၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ ပြောင်းရွှေ့ခိုင်းနေပြီး မပြောင်းလျှင် ဖျက်ဆီးမည်ဟု စစ်တပ်နှင့်စည်ပင်က ခြိမ်းခြောက်

ရန်ကုန်၊ ဇန်နဝါရီ ၂၁

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ငွေကြည်တော်ကုန်းရပ်ကွက်၊ အကွက်အမှတ် ၅၁၆ – က ၊ ဦးပိုင် အကွက်အမှတ် ၁၅၆ -က ၊ ၁၅၆ – ခ အတွင်းရှိ ပြည်သူ့နေအိမ် ၃၀၀ ကျော်ကို ကျူးကျော်ဟုဆိုကာ ဖျက်ဆီး မည်ဟု စစ်ကောင်စီလက်အောက်ခံ စည်ပင်ဌာနက ခြိမ်းခြောက်နေကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့ နောက်ဆုံးထားက ပြည်ကြီးတံခွန်မြို့နယ်၊ ငွေကြည်တော်ကုန်းရပ်ကွက်၊ အကွက် အမှတ် ၅၁၆ – က ၊ ဦးပိုင် အကွက်အမှတ် ၁၅၆ -က ၊ ၁၅၆ – ခ အတွင်းရှိ ပြည်သူများ အနေ ဖြင့် ဖယ်ရှားပေးရန် မြို့နယ်စည်ပင်ဌာနက အကြောင်းစာပေးပို့ထားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးက လည်း စစ်တပ် လက်အောက်ခံ လူဆိုးလူမိုက်များဖြင့်ပေါင်းကာ ဖျက်ဆီးရန် ဘူဒိုဇာကားများက ပြင်ဆင် ထားကြောင်း သိရသည်။

“ရပ်ကွက်က နှစ်ပေါင်း ၄၀ လောက်ရှိပြီ။ အိမ်ခြေလဲအတော်များတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက် နေ့ကလည်း စာပို့သေးတယ်။ အခုလည်း ထပ်ပို့လာတယ်၊ ၂၂ ရက်နေ့နောက်ဆုံးထားဖယ်ရှားပေးဖို့၊ မဖယ်ပေးရင် အင်အားသုံးဖယ်ခိုင်းမယ်လို့ ခြိမ်းခြောက်နေပါတယ်။ တကယ့်မြေပြင်မှာလည်း ၂၂ ရက် နေ့အတွက် စစ်ကားတွေ၊ အချုပ်ကားတွေ ၊ ဘူဒိုဇာကားတွေ အသင့်လုပ်ထားပါတယ်။ ရပ် ကွက်အုပ်ကြီးကလည်း မြို့နယ်ထဲက ဇိုးတွေ၊ ရှေ့တန်းကနေ ပြန်လာတဲ့ ဇိုးတွေကို မွေးထားပြီး အကျိုးအမြတ်ရလို့ ဖျက်ခိုင်းနေတာပါ။” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ထိုသို့ ပြည်သူ့နေအိမ်များကို ဖျက်ဆီးရန် ငွေကြည်တော်ကုန်းရပ်ကွက်အုပ် ချုပ်ရေးမှူးက သိန်း ၁၀၀၀ ကျပ်၊ အကွက်အမှတ် ၅၁၆ အုပ်ချုပ်ရေးမှူး စံမတူ သိန်း ၅၀၀ ကျပ်ရရှိထားပြီး ပြည်ကြီးတံ ခွန်မြို့နယ်၊ စစ်တပ်လက်အောက်ခံ လူဆိုးခေါင်းဆောင် စံရှား၊ စံရှားလက်အောက်ခံ နှုတ်ခမ်းမွှေး၊ သန့်ဇင် ၊ အောင်ကိုဇော်၊ ငမျိုး တို့လည်း ခွဲတမ်းရယူထားကြောင်း၊ စစ်တပ်က လက်အောက်ခံ လူဆိုး အဖွဲ့များကို မန္တလေးမြို့၊ တံခွန်တိုင် အဝိုင်းအနီး ၇၈ လမ်းမပေါ်ရှိ ပြည်သူပိုင်အဆောက်အအုံတစ်ခု တွင် နေရာချပေးထားကြောင်း သိရသည်။

“အဲဒီဇိုးအဖွဲ့တွေက ရှေ့တန်းပြန်လိုက်သွားလိုက်၊ ပြည်သူတွေကို သတ်ပြီး ပြန်လာလိုက်နဲ့လုပ်နေ တာ၊ စံမတူက ဒီရပ်ကွက်အုပ်ကြီး၊ ရပ်ကွက်ကလူတွေ ဧည့်စာရင်းတိုင်ရင် စံမတူနဲ့ ဖာခေါင်းအောင် ကိုဇော်ဆီမှာ တိုင်ရတယ်။ ပြည်ကြီးတံခွန်က စံရှားဆိုတာ ဇိုးခေါင်းဆောင်၊ သူ့အောက်မှာက သန့်ဇင် ၊ အောင်ကိုဇော်၊ သန့်ဇင်သား ငမျိုးအဖွဲ့ဆိုပြီး အဖွဲ့ပေါင်းစုံရှိတာ၊ သူတို့အဖွဲ့နဲ့ ငွေကြည်တော်ကုန်း အုပ်ကြီးရပ်ကွက်၊ ဒီရပ်ကွက်အုပ်ကြီး စံမတူရယ်ပေါင်းပြီး အကျိုးအမြတ်ရလို့ ဖျက်ဖို့လုပ်နေတာပါ၊ ရပ်ကွက်က ဘကကျောင်းဘုန်းကြီးက မသိမ်းဖို့မေတ္တာရပ်ခံပေမယ့် ၂၂ နေ့ နောက်ဆုံး ကိုယ့်အိမ် ကို မဖျက်ရင် အဲဒီနေ့ နာရီဝက်ပဲ အချိန်ပေးမယ်တဲ့၊ ဘူဒိုဇာနဲ့လာဖျက်မယ်၊ ဇိုးအဖွဲ့ပေါင်းစုံရော၊ တပ် ရော၊ ရဲရော၊ အချုပ်ကား ပါ ပါတယ်လို့ သတင်းအတိအကျ ရထားပါတယ်” ဟု ဒေသနေပြည်သူတစ် ဦးက ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article