25 C
Yangon

စလင်းမြို့နယ်တွင် စစ်ကောင်စီ တပ်၏ ရမ်းကားမှုကြောင့် ထွက်ပြေးလာသည့် ပိတ်ဆည်ကျေးရွာမှ ပြည်သူများကို တော်လှန်ရေး တပ်ဖွဲ့များက ကယ်တင်ထားရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရမ်းကားမှုကြောင့် ထွက်ပြေးလာသည့် ပိတ်ဆည်ကျေးရွာမှ ပြည်သူများကို ကယ်တင်ထားကြောင်း ဒေါင်းညီနောင်မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၁ ရက်နေ့ သစ်ခေါက်တောင် စစ်တပ် ကင်းစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာများကို အကြောင်းမဲ့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုး၍ ကျေးရွာများကို မီးရှို့ဖျက်ဆီးမည်ကို စိုးရိမ်သောကြောင့် ပိတ်ဆည်ကျေးရွာမှ ပြည်သူများက တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ထို့ကြောင့် အဆိုပါ ပြည်သူများကို တော်လှန်ရေး တပ်ဖွဲ့များက ခေါ်ယူကယ်တင်ထားခြင်းဖြစ်ကြောင်း သိရသည်။

“သစ်ခေါက်တောင် စစ်ခွေး ကင်းစခန်းအနီးက စစ်ခွေး တွေရဲ့ ရမ်းကားမှုကို ကြောက်လို့ တောတွင်းမှာ တိမ်းရှောင်နေရတဲ့ ပိတ်ဆည်ကျေးရွာက ပြည်သူတွေကို ကျနော်တို့ ဒေါင်းညီနောင်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ မင်းဘူးခရိုင်အမှတ်၅တပ်ရင်းတို့ က ခေါ်ယူ ကယ်တင်နိုင်ခဲ့ပြီး ထိန်းသိမ်း စောင့်ရှောက်ထားပါတယ်။ နောက်ပြီး ကျနော်တို့ ဒေါင်းညီနောင် မြို့ပြ ပြောက်ကျား တပ်ဖွဲ့ အနေနဲ့လည်း စစ်ရေးအရှိန်မြှင့် လုပ်ဆောင်တော့မှာမို့ ပြည်သူများအနေဖြင့် သစ်ခေါက်တောင်ကင်းစခန်းနဲ့ ကံပြားရဲစခန်းအကြားမှာရှိတဲ့ ပုသိမ်-မုံရွာ ကား‌လမ်းပိုင်းကိုလည်း အသွားအလာ မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ပိတ်ဆည်ကျေးရွာက စစ်ဘေးရှောင် ပြည်သူများအတွက် ကူညီမှုလေးတွေလည်း လိုပ်အပ်နေပါတယ်” ဟု ဒေါင်းညီနောင်မြို့ပြ ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ ထွက်ပြေးတိမ်းရှောင်လာသော ပြည်သူများကို ဒေါင်းညီနောင်မြို့ပြ ပြောက်ကျားတပ်ဖွဲ့နှင့် မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းတို့က ပူးပေါင်း ကယ်တင်ထားခြင်းဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူများ အတွက် စားနပ်ရိက္ခာများလည်း အရေးပေါ် လိုအပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဒေါင်းညီနောင်မြို့ပြပြောက်ကျား တပ်ဖွဲ့က စစ်ရေး အရှိန်မြှင့် လုပ်ဆောင်တော့မည် ဖြစ်၍ ပြည်သူများအနေဖြင့် သစ်ခေါက်တောင် ကင်းစခန်းနှင့် ကံပြားရဲစခန်းအကြားရှိ ပုသိမ်-မုံရွာ ကား‌လမ်းပိုင်းကို အသွားအလာ မပြုလုပ်ကြရန် အသိပေးထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article