25 C
Yangon

ဟားခါးမြို့ပေါ်မှ စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်များ ယူဆောင်လာပြီး အလင်းဝင်၊ အုတ်ဖိုနှင့် ရေးဦးတွင် စစ်မှုထမ်း တပ်သားအဖြစ် ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ် ၄ ဦး ထွက်ပြေး လွတ်မြောက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှ စစ်ကောင်စီ တပ်သားများ ၄ ဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း CDF-Hakha ထံမှ သိရသည်။

ဇန်နဝါရီလ ၈ ရက်နှင့် ၁၄ ရက်နေ့တွင် ဟားခါးမြို့ပေါ်မှ စစ်ကောင်စီ တပ်သား ၄ ဦးသည် လက်နက်များ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၄ ဦးကို CDF-Hakha မှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်အတွင်း ကျန်ရှိနေသော စစ်ကောင်စီ တပ်သားများဖြင့်လည်း ပြည်သူနှင့် အတူပူးပေါင်း၍ ဆက်လက် အလင်းဝင်ရောက်ရန် CDF-Hakha က ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးလာသော လူငယ် ၁ ဦးကို ဖမ်းဆီးထားစဉ် ဖုန်း ၁၀ လုံးနှင့် ငွေကျပ် ၈ သိန်း ယူဆောင် ထွက်ပြေးသွား၍ လိုက်လံရှာဖွေနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အုတ်ဖိုမြို့၊ လျှပ်စစ်ရပ်ကွက်မှ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး အုတ်ဖိုမြို့ထွေ/အုပ်ရုံးတွင် ဖမ်းဆီးထားစဉ် ဖုန်း ၁၀ လုံးနှင့် ငွေကျပ် ၈ သိန်းကို ယူဆောင်ကာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးသွားသော လူငယ် ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မြို့အဝင်အထွက်ဂိတ်များ၌ ဓာတ်ပုံပြ၍ လုံခြုံရေး တင်းကြပ်ကာ ရှာဖွေနေသော်လည်း လက်ရှိချိန်ထိ ပြန်လည် ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း၊ ထိုသို့ ဖမ်းဆီးနိုင်ခြင်းမရှိသောကြောင့် လူငယ်၏ မိသားစုဝင်များကို ဖမ်းဆီး အရေးယူမည်ဟု ခြိမ်းခြောက်နေကြောင်း သိရှိရသည်။

“အဲလူငယ်က အုတ်ဖိုထွေ/အုပ်ရုံးမှာ ပေါ်တာဆွဲခံထားရတာ လျှပ်စစ် ရပ်ကွက်က လူငယ် ၁ ဦးလို့ သိရတယ်။ သူ့ကို ဖမ်းထားတုန်း စစ်ခွေးတွေရဲ့ ဖုန်း ၁၀ လုံးနဲ့ ငွေကျပ် ၈ သိန်းကို သူက ယူဆောင်ပြီး ထွက်ပြေးသွားတာ သူထွက်ပြေးသွားတဲ့ နေ့တည်းက စစ်ခွေးတွေက ခြေရှုပ်နေတာ သူတို့ အထက်က မသိအောင် သတင်းမထွက်အောင် သူတို့ လုပ်နေတာ အခုထိ ဖမ်းမမိသေးတော့ သူတို့ မြို့အဝင်အထွက်တွေမှာပါ ဓာတ်ပုံပြပြီး ရှာနေတုန်းပဲ လူငယ်လေးရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်တာတွေရှိတယ်” ဟု ဒေသပြည်သူများက ပြောဆိုသည်။

ထို့ပြင် ရေဦးမြို့ပေါ်တွင်လည်း အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသည့် လူငယ် ၃ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက်မှ အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ် ၃ ဦးသည် ပေါ်တာဆွဲထားသော လူငယ်များထားရှိသည့် အထက ၁ ကျောင်းမှ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ကြောင်း၊ အဆိုပါ ထွက်ပြေးလွတ်မြောက်လာသူများကို လက်ရှိချိန်တွင် တော်လှန်ရေး တပ်ဖွဲ့များက ထိန်းသိမ်း စောက်ရှောက်ထားကြောင်း သိရသည်။

“လွတ်မြောက်လာတဲ့ လူငယ် ၃ ဦးက စစ်ခွေးတွေ ကြည်ကြည်ဖြူဖြူ လွှတ်ပေးလိုက်တာမဟုတ်ဘူး။ စစ်ခွေးတွေ အငိုက်ကို ထွက်ပြေး လွတ်မြောက်လာတယ်လို့ သိရတယ်။ ရေဦး အထက ၁ ကျောင်းအတွင်း ဖမ်းဆီးခံထားရာကနေ ထွက်ပြေးလာတယ်လို့ သိရတယ်။ လက်ရှိတော့ ရေဦး ပကဖ ဘက်ကနေ ဘေးလွတ်ရာကို ခေါ်ယူစောက်ရှောက်ပေးထားတယ်ဆိုတာ အတည်ပြုနိုင်ပါတယ်” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ရေဦးမြို့မှ ပေါ်တာဆွဲ ဖမ်းဆီးလာသော လူငယ်များကို အထက ၁ နှင့် အထက ၂ ကျောင်းများတွင် ဖမ်းဆီးထားခြင်းဖြစ်ပြီး စစ်သင်တန်း သင်ကြားပေးမှုကို တိုင်းရင်းဆေးရုံအတွင်း တိတ်တဆိတ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article