24 C
Yangon

ကိုးကန့် MNDAA နှင့် ယာယီအပစ်ရပ်ထားသော်လည်း စစ်ကောင်စီက ရှမ်းမြောက် နှင့်ရှမ်းတောင်တွင် စစ်အင်အားများ အကြီးအကျယ် ဆက်လက် ချဲ့ထွင်ပြီး ရိက္ခာနှင့် လက်နက်ခဲယမ်းများကို အဆက်မပြတ် ဖြည့်တင်းနေ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၃

ကိုးကန့် MNDAA နှင့် အပစ်ရပ်ထားသည်ဟု ဆိုသော်လည်း စစ်ကောင်စီက ရှမ်းမြောက်နှင့်ရှမ်းတောင်တွင် စစ်အင်အားများ အကြီးအကျယ် ဆက်လက် ချဲ့ထွင်ပြီး ရိက္ခာနှင့် လက်နက်ခဲယမ်းများကို အဆက်မပြတ် ဖြည့်တင်းနေကြောင်း နေပြည်တော် တပ်သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ဇန်နဝါရီလ ၁၈ ရက်နေ့မှစတင်၍ ကိုးကန့်MNDAA နှင့် စစ်ကောင်စီတို့အကြား ယာယီ အပစ်အခတ်ရပ်စဲသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့ကြောင်း၊ တရုတ်နိုင်ငံက နှစ်ဖက် လက်ရှိနေရာတွင်ပင် နှစ်ဖက် အပစ်အခတ်ရပ်စဲထားသည်ဟု ကြေညာသော်လည်း စစ်ကောင်စီနှင့် MNDAA ဘက်က အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ တရားဝင် သတင်းထုတ်ပြန်ကြေညာကြခြင်းမပြုကြပေ။

သို့ရာတွင် စစ်ကောင်စီက ဇန်နဝါရီလ ၁၈ ရက်နေ့မှ ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့အထိ ရှမ်းမြောက်ဒေသနှင့် ရှမ်းတောင်ဒေသသို့ စစ်အင်အားများ ဆက်လက်ပေးပို့နေပြီး လက်နက်နှင့်ရိက္ခာများ အဆက်မပြတ် ဖြည့်တင်းလျက်ရှိကြောင်း၊ အထူး သဖြင့် ရှမ်းမြောက်ဒေသ၊ မိုင်းရယ်နှင့် တန့်ယန်းရှိ စစ်ကောင်စီတပ်များကို အင်အားလျှော့ချခြင်းနှင့် တပ်ဆုတ်ခွာခြင်းများ လုံး၀ မရှိဘဲ စစ်မှု ထမ်း တပ်သားများနှင့် ထုတ်နုတ်အင်အားများကို စစ်ရဟတ်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ခြင်း၊ လက် နက်နှင့်ရိက္ခာများကို ရဟတ်ယာဉ်များဖြင့် ပေးပို့ခြင်းများ ဆက်လက် ပြုလုပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

“ရှမ်းမြောက်ဘက်မှာ တပ်ရုပ်သိမ်းတာ၊ တပ်တွေ ဆုတ်ခွာခိုင်းတာ ဒီရက်ပိုင်းမှာ လုံး၀မရှိဘူး။ မိုင်းရယ်နဲ့ တန့်ယန်းဘက်ကို စစ်မှုထမ်း သင် တန်းဆင်းနဲ့ ထုတ်နုတ်အင်အားတွေကို ပုံမှန် ရဟတ်ယာဉ်နဲ့ပေးပို့တာရှိပါတယ်။ ရိက္ခာနဲ့ ခဲယမ်းတွေလည်း ဆက်လက် ပေးပို့နေဆဲပဲဖြစ်ပါတယ်။ ရှမ်းတောင်ဘက်မှာကတော့ တပ်အင်အား ပိုပြီး ပို့တာများပါတယ်။ မိုးဗြဲဂွင်ဆိုရင် ဇန်နဝါရီလ ၂၁ ရက်နေ့ တစ်ရက်တည်းတင် အင်အား ၃၀၀ လောက်ပို့တာရှိပါတယ်။ အဲဒါက သင်တန်းဆင်း(စစ်မှုထမ်း)နဲ့ ထုတ်နုတ်အင် အား (လက်ရုံးတပ်နှင့်တိုက်ခိုက်ရေးတပ်များမှ ထုတ်နုတ်အင်အား) တွေပါပါတယ်” ဟု နေပြည်တော် တပ်သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် လတ်တလော သိရှိထားသော အခြေအနေများအရ ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်များမှာ စစ်ရေးအရ အသင့်ပြင် ခိုင်းထားမှုများ ဆက်လက်တည်ရှိနေဆဲပင်ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ စစ်ခေါင်းဆောင် မင်းအောင် လှိုင် ဦးစီး စတင်ခဲ့သော “ရန်နိုင်မင်း” စစ်ဆင်ရေးမှာလည်း ရုပ်သိမ်းလိုက်သည်ဟု မကြားရဘဲ ဆက်လက် တည်ရှိနေဆဲဖြစ် ကြောင်း၊ နိုင်ငံတစ်ဝန်းရှိ လေကြောင်းတိုက်ခိုက်မှုများအတွက် လေယာဉ် အတက်အဆင်း တာဝန်ချထားမှုများတွင်လည်း ရှမ်းမြောက်ဒေသ ဧရိယာ ဆက်လက်ပါဝင်နေကြောင်း တပ်သတင်းရင်း မြစ်၏ အဆိုအရ သိရှိရသည်။

MNDAA ကလည်း လက်ရှိ စစ်ကောင်စီနှင့် ယာယီအပစ်ရပ်ထားသော်လည်း တိုက်ခိုက်သိမ်းပိုက်ထားသော လားရှိုးမြို့မှ ဆုတ် ခွာရန် မရှိကြောင်း MNDAA ၏ လားရှိုးပြန်လည်ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article