31 C
Yangon

ပေါက်ခေါင်းတွင် PDF များကို သတ်ဖြတ်မည်ဟု ကြွေးကြော်ထားသည့် ပျူစောထီး ဝင်းကျော် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၄

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် PDF တပ်ဖွဲ့ဝင်များကို သတ်ဖြတ်မည်ဟု ကြွေးကြော်ထားသည့် ပျူစောထီး ဝင်းကျော် ကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ ကျွဲဘောင်ဘင်အုပ်စု၊ ကျွဲဘောင်ဘင်ရွာတွင် နေထိုင်သော တော်လှန်ရေး တပ်ဖွဲ့ဝင်များ၏ သတင်းအချက်လက်များကို လိုက်လံ စုံစမ်းနေသော ပေါက်ခေါင်းမြို့နယ် ခလရ ၅၃ တပ်ရင်း သတင်းပေးလည်းဖြစ်၊ ပျူစောထီး အပတ်စဉ် ၁ သင်တန်းဆင်းလည်းဖြစ်သူ ဝင်းကျော် ကိုပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီးဝင်းကျော်သည် PDF တပ်ဖွဲ့ဝင်များကို အရှင်ဖမ်းမိပါက ငါးခူးကို ဓါးဖြင့် မွန်းသလိုမွန်းပြီးမှ သတ်မည်ဟု ကြွေးကြော် ခြိမ်းခြောက်ထားသူ ဖြစ်ပြီး ပျူစောထီးအပတ်စဉ် ၁ သင်တန်းကို ပေါက်ခေါင်းမြို့နယ် အုပ်ပုံရွာ ခလရ ၅၃ တပ်ရင်းထဲတွင် ၃ လ တက်ရောက်ထားသူဖြစ်ပြီး ပေါက်ခေါင်းမြို့နယ် ထွေ/အုပ်မှ ၁ လလျှင် ငွေကျပ် ၂၀၀၀၀၀ ထောက်ပံ့ လစာပေးထားသူလည်း ဖြစ်ကြောင်း သိရှိရသည်။

“ပျူစောထီးဝင်းကျော်က PDF ရဲဘော်တွေကို အရှင်ဖမ်းဆီးမိရင် ငါးခူကို ဓါးနဲ့ မွှန်းသလို မွှန်းပြီးမှ သတ်မယ်လို့ ကြွေးကြော် ခြိမ်းခြောက်ထားသူပါ။ ပျူစောထီး အပတ်စဉ် ၁ သင်တန်းကိုလည်း ပေါက်ခေါင်းမြို့နယ် အုပ်ပုံရွာ ခလရ ၅၃ တပ်ရင်းထဲမှာ ၃ လ တက်ရောက်ထားသူပါ။ သူ့ကို ပေါက်ခေါင်းမြို့နယ် ထွေ/အုပ်ကလည်း ၁ လကို ငွေကျပ် ၂၀၀၀၀၀ ထောက်ပံ့ လစာ ပေးထားတာပါ။ သူက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ သတင်းအချက်လက်တွေကို လိုက်လံ စုံစမ်းပြီး ပေါက်ခေါင်းမြို့နယ် ခလရ ၅၃ တပ်ရင်းကို သတင်းပေးနေတဲ့ အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာပါ” ဟု ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီး၊ သတင်းပေးလမ်းပြဒလန်များကို စစ်ရေးပစ်မှတ်များအဖြစ် ဆက်လက် အပြစ်ပေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article