စစ်မှုထမ်း အရေအတွက် တိုးမြှင့်ခေါ်ယူရေး ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင် တို့၏ ပါတီများ အပါအဝင် နိုင်ငံရေးပါတီက အကြံပြုတိုက်တွန်းဟု စစ်ကောင်စီက ထုတ်ပြန်
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းအရေအတွက်ကို တိုးမြှင့်ခေါ်ယူရန် ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီနှင့် ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ AFP တို့ ပါဝင်တက်ရောက်သော နိုင်ငံရေးပါတီများအစုအဖွဲ့က အကြုံပြုတိုက်တွန်းထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၂၄ ရက်နေ့ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့အကြား နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံရေးပါတီဘက်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးချက်များကို စစ်ကောင်စီနှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့ အပါအဝင် နှစ်ဖက်စလုံးက အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ နိုင်ငံတော်ရင်ခွင့်သို့ ပြန်လည်ဝင်ရောက်လာရေးကိုလည်း စစ်ကောင်စီနှင့် နိုင်ငံရေးပါတီများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲသို့ မင်းအောင်လှိုင် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဌ ကိုကိုကြီးနှင့် အလုပ်အဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အာဏာသိမ်း စစ်ကောင်စီ ဖွဲ့စည်းထားသော စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီတွင် စစ်ခေါင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်သည် ဥက္ကဌ အဖြစ် နေရာထားသည်။
အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံအနှံ့တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိသော လူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းရန် ခေါ်ယူနေပြီး လက်ရှိတွင် အမျိုးသမီးများပါ စစ်မှုထမ်းရန် စီစဉ်လာကြောင်း သိရသည်။စစ်မှုထမ်း အရေအတွက် တိုးမြှင့်ခေါ်ယူရေး ဦးကိုကိုကြီး၊ ဒေါက်တာအေးမောင် တို့၏ ပါတီများ အပါအဝင် နိုင်ငံရေးပါတီက အကြံပြုတိုက်တွန်းဟု စစ်ကောင်စီက ထုတ်ပြန်
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းအရေအတွက်ကို တိုးမြှင့်ခေါ်ယူရန် ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီနှင့် ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ AFP တို့ ပါဝင်တက်ရောက်သော နိုင်ငံရေးပါတီများအစုအဖွဲ့က အကြုံပြုတိုက်တွန်းထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၂၄ ရက်နေ့ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့အကြား နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံရေးပါတီဘက်က ထိုသို့ ပြောဆိုခြင်းဖြစ်သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးချက်များကို စစ်ကောင်စီနှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့ အပါအဝင် နှစ်ဖက်စလုံးက အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ နိုင်ငံတော်ရင်ခွင့်သို့ ပြန်လည်ဝင်ရောက်လာရေးကိုလည်း စစ်ကောင်စီနှင့် နိုင်ငံရေးပါတီများ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲသို့ မင်းအောင်လှိုင် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ကော်မတီဝင်များ၊ နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဌ ကိုကိုကြီးနှင့် အလုပ်အဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အာဏာသိမ်း စစ်ကောင်စီ ဖွဲ့စည်းထားသော စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီတွင် စစ်ခေါင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်သည် ဥက္ကဌ အဖြစ် နေရာထားသည်။
အာဏာသိမ်း စစ်ကောင်စီသည် နိုင်ငံအနှံ့တွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိသော လူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းရန် ခေါ်ယူနေပြီး လက်ရှိတွင် အမျိုးသမီးများပါ စစ်မှုထမ်းရန် စီစဉ်လာကြောင်း သိရသည်။
စစ်မှုထမ်းနိုင်သည့် အသက်အရွယ် လူငယ်များကို ပြည်ပသို့ ထွက်ခွာခွင့် မပြုကြောင်းလည်း စစ်ကောင်စီဘက်က ထုတ်ပြန်လာပြီး နိုင်ငံအတွင်းက လူငယ်များသည် ဖိနှိပ်မှုများဖြင့် ကြုံတွေ့နေရသည်။