28 C
Yangon

လွိုင်ကော်တွင် အတင်းအဓမ္မ စစ်ထဲထည့်သွင်းခံရသည့် စစ်မှုထမ်း တပ်သား ၇ ဦး လက်နက် ခဲယမ်းများ နှင့်အတူ KNDF ထံ ဝင်ရောက်ခိုလှုံ

Must read

လွိုင်ကော်တွင် အတင်းအဓမ္မ စစ်ထဲထည့်သွင်းခံရသည့် စစ်မှုထမ်း တပ်သား ၇ ဦး လက်နက် ခဲယမ်းများ နှင့်အတူ KNDF ထံ ဝင်ရောက်ခိုလှုံ

ရန်ကုန်၊ ဇန်နဝါရီ ၂၆

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်တွင် အတင်းအဓမ္မစစ်ထဲထည့်သွင်းခံရသည့် စစ်မှုထမ်း တပ်သား ၇ ဦး လက်နက်ခဲယမ်းများနှင့်အတူ ဝင်ရောက်ခိုလှုံခဲ့ကြောင်း KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၃ ရက်နေ့ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ အပြင်ဘက်ရှိ ထီးစဲခါးကင်းစခန်း တစ်ခု ၌ တာ ဝန်ကျနေသော ခလရ ၂၄၇ တပ်ရင်းမှ တပ်သား ၄ ဦးသည် MA-3 အမျိုးအစား သေ နတ် ၃ လက် ၊ MA-1 အမျိုးအစား သေနတ် ၁ လက်တို့နှင့်အတူ KNDF တပ်ရင်းအသီးသီးထံသို့ ရောက်ရှိ ခိုလှုံခဲ့ကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၉ ရက်နေ့ကလည်း လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခု၌ တာဝန်ကျနေ သော အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ခမရ ၄၃၀ တပ်ရင်းမှ တပ်းသား ၃ ဦးတို့ လက် နက်မဲ့ ထွက်ပြေးလာကာ KNDF သို့ ဝင်ရောက် ခိုလှုံလာခဲ့ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်လာသူများသည် အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း ဝင်ရောက်ရန် လုံးဝ ဆန္ဒမရှိကြပဲ စစ်တပ်က‌ ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ စစ်တပ်အတွင်း ဆွဲသွင်းခြင်း ခံရကာ ကရင်နီ ပြည်နယ်တွင်းရှိ ရှေ့တန်းစစ်ဆင်ရေးများသို့ ပို့ဆောင်ခြင်းခံရသူများဖြစ်ကြောင်း၊ အကြမ်းဖက်စစ် တပ်ကို စွန့်ခွာပြီး ခိုလှုံဝင်ရောက်လာသူများကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း KNDF က ပြောဆိုသည်။

စစ်ကောင်စီ၏ တပ်သားများအဖြစ် ကျန်ရှိနေသောတပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင်လူတစ်စု ၏ အကျိုးစီးပွားအတွက် ရပ်တည်နေမည့်အစား ယခုကဲ့သို့ စစ်ကောင်စီတပ်သားအဖြစ်မှ အချိန်မီ စွန့်ခွာပြီး ပြည်သူလူထုထံခိုလှုံခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြရန် KNDF ဗဟိုသတင်းနှင့် ပြန် ကြားရေးဌာနက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article