28 C
Yangon

ကျောက်တံတား၊ သာကေတနှင့် ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ် တို့တွင် စစ်မှုထမ်းရမည့် အမျိုးသမီးနှင့် အမျိုးသား စာရင်းများ ဆင့်ခေါ်စာ ပေးပို့၍ တရားဝင် ကောက်ခံနေပြီး ပျက်ကွက်လျှင် ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်နှင့် သာကေတမြို့နယ်ရှိ ရပ်ကွက်များတွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက အမျိုးသမီး စစ်မှုထမ်း စာရင်းများ လိုက်လံကောက်ခံနေပြီး တက္ကသိုလ် ကျောင်းသူများ၏ အမည်စာရင်းများပါ တောင်းယူ သွား ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ပြည်သူ့ စစ်မှုထမ်း နည်းဥပဒေကို ထုတ်ပြန်ကြေညာပြီးနောက် ကျောက် တံတားမြို့နယ်၊ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်ဌေးက အမျိုးသမီး စစ်မှုထမ်း စာရင်းများ လိုက်လံကောက်ခံခဲ့ပြီး တက္ကသိုလ်ကျောင်းသူများ၏ အမည်စာရင်းများပါ တောင်းယူသွားကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး ဒေါ်ဌေးသည် ရပ်ကွက်အတွင်း အမျိုးသမီး စစ်မှုစာရင်းများကို ကောက်ခံမည်ဟု ကြိုတင်အကြောင်းထားခြင်းမရှိဘဲ တစ်အိမ်ထွက် တစ်အိမ်ဆင်း လိုက်လံ ကောက်ခံနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် အိမ်ထောင်စု စာရင်းများလည်း တောင်းယူကြည့်ရှု့ပြီး အမည်စာရင်းများကို မှတ်တမ်းယူသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အမှတ် ၃ ရပ်ကွက် ကျောက်တံတားမြို့နယ်မှာ အမျိုးသမီး စစ်မှုထမ်းစာရင်းတွေ ကောက်ယူသွားပါတယ်။ တက္ကသိုလ် ကျောင်း တက်နေတဲ့ ကလေးမလေးတွေရဲ့ အမည်စာရင်းတွေပါ တောင်းယူသွားတယ်။ အုပ်ကြီး ဒေါ်ဌေးက တစ်အိမ်တက် တစ်အိမ်ဆင်းကို လိုက်ကောက်သွားတာ အိမ်ထောင်စု စာရင်းတွေလည်း ယူကြည့်ပြီး မှတ်တမ်းယူသွားတယ်။ ပြည်သူတွေလည်း သနားပါတယ်။ အကုန်လုံး စိတ်ဆင်းရဲပြီး ငိုနေကျတယ်”ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့အတူ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် ယမန်နေ့ ည ၁၁ နာရီအချိန် ၆၀ ရပ်ကွက်အုပ်ခှုပ်ရေးမှူး အောင်စိုးမိုး၊ ဇနီး ဒေါ်ကရင်မ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၏ ခိုင်းဖတ် သီပေါ တို့က စစ်မှုထမ်းအဖြစ် အမည်စာရင်းသွင်းရန် ဆင့်ခေါ်စာများ ပေးပို့ ခဲ့ကြောင်း၊ ဆင့်ခေါ်စာတွင် သတင်းပို့ရန် ပျက်ကွက်ပါက ပြည်သူ့စစ်ထမ်းဥပဒေအရ အရေးယူမည်ဟု ရေးသား ခြိမ်းခြောက် ထားကြောင်း သိရှိရသည်။

” မနေ့ည ည ၁၁ နာရီ အချိန်မှာ ၆၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်စိုးမိုးနဲ့ မိန်းမ‌ ဒေါ်ကရင်မ ၊ ရပ်ကွက်ထဲ ဟိုမရောက်ဒီမရောက် သီပေါဆိုတဲ့လူက စစ်မှုထမ်း အမည်စာရင်းသွင်းဖို့ ဆင့်ခေါ်စာတွေလာပေးတယ်။ စစ်မှုထမ်းဖို့အတွက်ဆင့်ခေါ်စာပေါ့။ သူတို့အမျိုးတွေ၊ သူတို့ သားသမီးတွေ၊ သူတို့နဲ့ အဆင်ပြေနေတဲ့သူတွေ ဘယ်သူမှမပါကြဘူး။ ဒီနေ့ မနက် ၉ နာရီ ရပ်ကွက်ရုံးကိုမဖြစ်မနေသွားရမယ်ပြောတယ်။ စစ်ခွေးတွေ အလိုကျသူတို့ကလိုက်လုပ်နေတာ။ အဓိကတရားခံကသူတို့ပဲ။ ကိုယ်ချင်းစာစိတ်မရှိကြဘူး။ သူတို့သားသမီးတွေမပါရင်ပြီးရောလုပ်နေကြတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ရန်ကုန်မြို့ သာကေတမြို့နယ် ၇ အနောက် ရပ်ကွက်တွင် စစ်မှုထမ်းရန် အမျိုးသမီးများ စာရင်းကို အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး သန့်ဇင်ဝင်း ခေါ် သောဘိ ၊ ရာအိမ်မှူး လှဝင်းစောင် နှင့် အပေါင်းပါများက လိုက်လံ ကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အုပ်ချုပ်ရေးမှူး သန့်ဇင်ဝင်းသည် ရပ်ကွက်အတွင်းစာကပ်၍ စုဆောင်းခြင်း မရှိသော်လည်း ရာအိမ်မှူး လှဝင်းစောင်သည် စစ်မှုထမ်းစာရင်းကို အမျိုးသမီးကိုပါ စုဆောင်းနေခြင်းဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ မိန်းမသည်လည်း ညပိုင်းတွင် ဘေးတွဲဆိုင်ကယ်များနှင့် စီတန်းကင်းလှည့်ခြင်းများ လုပ်ဆောင်နေကာ ဘေးတွဲ ဆိုင်ကယ်သမားများက မလိုက်လိုသော်လည်း ပြဿနာအရှာခံရမည်ကို စိုးရိမ်၍ ကင်းလိုက် လှည့်ပေးရခြင်းဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများထံမှ သိရှိရသည်။

“ရပ်ကွက်က ဒလန်အတော်များပါတယ်။ လှဝင်းစောင် လက်ထဲမှာ အမည်စာရင်းများစွာ ရှိနေပါတယ်။ အုပ်ချုပ်ရေးမှူး သောဘိ (သန့်ဇင်ဝင်း) က ဘုန်းကြီး လူထွက် သူ့ မယားပါ သမီးနဲ့ သူ့မိန်းမက အတော်ဆိုးတယ်။ လာဘ်စားတာတွေရော အများကြီးပဲ ဘေးတွဲဆိုင်ကယ်သမားတွေ ကင်းမလိုက်ရင်လည်း ပြဿနာရှာခံရတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် သာကေတ အနောက် ၇ ရပ်ကွက်နှင့် အရှေ့ ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၂ ဦး ပူးပေါင်း၍ ကြက်ပွဲများ ၊ ဖဲဝိုင်းများကိုလည်း ၂၀၂၂ ခုနှစ်မှ စ၍ ပိုက်ဆံယူ၍ ခွင့်ပြုပေးထားကြောင်း၊ အဆိုပါ ကြက်ဝိုင်းများတွင် WY မူးယစ်ဆေးများလည်း ရောင်း ဝယ်နေကြောင်း၊ ကြက်ဝိုင်းနှင့် ဖဲဝိုင်းများသည် အမက ၃၅ မူလတန်းကျောင်း အနောက်နှင့် အ.ထ.က ၂ အထက်တန်းကျောင်း အနောက်ရှိ ကွင်းအတွင်းတွင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article