26 C
Yangon

မတ္တရာမြို့ပေါ်မှ စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ် ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိကာ စစ်သား ၂၀ ဦးခန့် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၇

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပိတ်ဆို့ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိကာ စစ်သား ၂၀ ဦးခန့် ပြင်းထန် ဒဏ်ရာရပြီး မတ္တရာဆေးရုံတွင် ကုသနေကြောင်း မတ္တရာမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် မတ္တရာမြို့ပေါ်မှ တပ်မ ၆၆ ပါဝင်သော စစ်သားနှင့် ပျူစောထီး အင်အား ၁၀၀ ခန့်သည် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသော မတ္တရာမြို့နယ်၊ အနောက်မြောက်ခြမ်းရှိ မြွေထိန်ပင်စောက်ကျေးရွာကို လက်နက်ကြီးများဖြင့် စတင် ပစ်ခတ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် မတ္တရာမြို့နယ် ပကဖ နှင့် တပ်ပေါင်းစုများမှ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကောင်စီ တပ်သား ၃ ဦး မျက်မြင် သေဆုံးပြီး ၂၀ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိကာ မတ္တရာဆေးရုံတွင် အရေးပေါ် လူနာများ အဖြစ် ဆေးကုသမှုခံယူနေရကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ လက်နက် ၃ လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

တိုက်ပွဲအတွင်း အထိနာသွားသော အကြမ်းဖက် စစ်တပ်သည် ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ်ပြု လုပ်ခဲ့ပြီးလက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုလည်း လုပ်ဆောင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက် ကြီး ထိမှန်ပြီး ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article