စလင်းမြို့နယ်၊ ခလရ ၂၅၃ တပ်ရင်းမှ ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ကောင်စီ တပ်သား ၂ ဦး အလင်းဝင်
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ခလရ ၂၅၃ တပ်ရင်းမှ ထွက်ပြေး တိမ်းရှောင်လာသည့် စစ်ကောင်စီ တပ်သား ၂ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၄ ရက်နေ့တွင် စလင်းမြို့နယ် ခလရ ၂၅၃ တပ်ရင်း အတွင်းမှ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၂ ဦးသည် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ဒေါင်းစစ်အောင် (LPDF) ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခလရ ၂၅၃ တပ်ရင်းမှ ထွက်ပြေးလားသော စစ်ကောင်စီ တပ်သား ၂ ဦးမှာ အသက် ၂၅ နှစ် အရွယ် တပ်သား ကိုကျော်ရဲလင်း နှင့် အသက် ၂၂ အရွယ် တပ်သား ကို နေလင်း တို့ဖြစ်ကြောင်း သိရှိရသည်။
” စစ်ကောင်စီ တပ်သားများ အနေနဲ့ ပြည်သူ့ရင်ခွင်လှုံကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျနော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေက နွေးထွေးစွာ ကြိုဆိုလျှက်ပါ ဒေါင်းစစ်အောင် (LPDF) အဖွဲ့ကိုလည်း တိုက်ရိုက် ချိတ်ဆက်ပြီး အလင်းဝင်ရောက် နိုင်ပါတယ်” ဟု ဒေါင်းစစ်အောင် (LPDF) တာဝန်ခံ ကိုထူးလေးက ပြောဆိုသည်။
အဆိုပါ အလင်းဝင်လာသော စစ်ကောင်စီ တပ်သား ၂ ဦးကို ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှာက်ထားပြီး ၎င်းတို့ လိုအပ်သည်များကို ဆက်လက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။