26 C
Yangon

စစ်ကိုင်းတွင် စစ်ယာဉ်တန်းအတွက် ကင်းပုန်းယူပေးသော စစ်ကြောင်းကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

Must read

စစ်ကိုင်းတွင် စစ်ယာဉ်တန်းအတွက် ကင်းပုန်းယူပေးသော စစ်ကြောင်းကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဉ်တန်းကို ကင်းပုန်းယူပေးသော စစ်တပ်စစ်ကြောင်းကို ဖောက် ခွဲ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂ ဦးသေဆုံးခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၆ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်အချိန် စစ်ကိုင်း-မုံရွာ-ရွှေဘို လမ်းပိုင်း၊ စစ်ကိုင်းတက္ကသိုလ်အနီး စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ်ယာဉ်တန်းကို လုံခြုံရေး ကင်းပုန်းယူပေးနေသော စစ်သားများက တော် လှန်ရေး တပ်ဖွဲ့များ အသင့်ပြင်ထားသော မိုင်းကွင်းနေရာတွင် ထိုင်၍ အရက်နှင့် ဘီယာများ သောက်စားနေချိန် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဖောက်ခွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ သေဆုံးသူ ၂ ဦးသည် စစ်ကိုင်းမြို့ ဇေယျာတိုးချဲ့ ရပ်ကွက်မှ ပျူစောထီး သင်တန်းဆင်းများ ဖြစ်ကြောင်း သိရှိရသည်။

” စစ်ကိုင်းမြို့ တပ်မ ၃၃ ကနေ ထွက်ခွာလာတဲ့ စစ်ခွေး ယာဉ်တန်းကို လုံခြုံရေး ကင်းပုန်းဖို့ ရောက်ရှိလာတဲ့ စစ်ခွေးတွေ ကျနော်တို့ အသင့်ပြင်ထားတဲ့ မိုင်းပွိုင့်အတွင်းကို ဝင်ရောက်ပြီးတော့ လက်နက်တွေကို ဘေးချပြီး အရက်၊ ဘီယာတွေ သောက်စားနေချိန်မှာ ကျနော်တို့ ထိထိမိမိ ဖောက်ခွဲနိုင်ခဲ့ပါတယ်။ တိုက်ခိုက်မှု အတွင်းမှာ စစ်ခွေး ၂ ကောင် နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့တယ်။ ၁ ကောင်ကတော့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို လင်းယုန် ညီနောင်ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တော် လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး တိုက်ပွဲတွင် သေဆုံးပြီးနောက် နာရေး မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article