25 C
Yangon

တီမောနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ဆက်ဆံရေးရုံးကို တရားဝင် ဖွင့်လှစ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၃၀

အရှေ့တီမောလက်စတေနိုင်ငံတွင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ ဆက်ဆံရေးကို တရားဝင် ဖွင့်လှစ်လိုက်ပြီး တီမော သမ္မတ ဟိုဆေးရာမို့ဟောတာက မြန်မာ့အရေးကို နိုင်ံငံတကာတွင် ပွင့်ပွင့်လင်းလင်း ထောက်ခံပြောဆိုလျက်ရှိကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ- NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုသည်။

ယမန်နေ့ ပြုလုပ်ခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက် ပါ အတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

NUG နိုင်ငံခြားရေးဝန်ကြီး အနေဖြင့် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း တီမောနိုင်ငံသို့ သွားရောက်ခဲ့ပြီး နောက်ဆက်တွဲအနေ ဖြင့် NUG ၏ ဆက်ဆံရေးရုံးကို ၂၀၂၄ ခုနှစ်အတွင်း ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တီမောလက်စတေကိုလည်း ၂၀၂၃ ခုနှစ်က သွားရောက်ခဲ့သလို ၂၀၂၄ ခုနှစ်မှာလည်း ထူးခြားဖြစ်စဉ်ရှိပါတယ်။ အဲဒါကတော့ ဘာလဲဆိုတော့ နောက်ဆက်တွဲဖြစ်ပေါ် တိုးတက်မှုအနေနဲ့ တီမောမှာ ဆက်ဆံရေးရုံးဖွင့်လှစ်နိုင်ခဲ့ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောဆိုသည်။

NUG အနေဖြင့် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယား၊ ချက် အပါအဝင် နိုင်ငံတချို့တွင် ဆက်ဆံရေးရုံးများ ဖွင့်လှစ်ခဲ့ပြီးနောက် ယခုနောက်ဆုံး တီမောနိုင်ငံတွင် ဆက်ဆံရေးရုံးကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ၂၀၂၄ ခုနှစ်တွင် NUG အနေဖြင့်သော်လည်းကောင်း၊ NUG နှင့်တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ သော်လည်းကောင်း နိုင်ငံ တကာ သို့ မြန်မာ့အရေး ကိစ္စ လှည့်လည် ရှင်းပြမှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း၊ စုစုပေါင်း နိုင်ငံပေါင်း ၉ နိုင်ငံသို့ သွား ရောက်နိုင်ခဲ့ကြောင်း၊ အဆိုပါ ၉ နိုင်ငံမှာ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ နော်ဝေ ၊ယူကေ၊ တောင်ကိုရီးယား၊ ဩစတြေးလျနှင့် တီမောတို့ဖြစ်ကြောင်း သိရှိရသည်။

” နိုင်ငံပေါင်း ၉ နိုင်ငံလောက်ကို သွားရောက်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုခရီးစဉ်၊ ဂျာမနီမှာပြုလုပ်တဲ့ မြူးနစ် Security Conference ကို တက်ရောက်ခဲ့တာရှိတယ်။ နောက်ပြီးတော့ ပြင်သစ်လွှတ်တော်နဲ့တွေ့ဆုံခဲ့တာရှိတယ်။ ဒါ့အပြင် ဥရောပသမဂ္ဂရုံးစိုက်ရာ ဘရာဆဲလ်မှာ သွားရောက်ပြီးတော့ Advocacy ခရီးစဉ်သွားရောက်ခဲ့တာ ၂ ကြိမ်ရှိတယ်။ အဲဒီကနေပြီးတော့ နော်ဝေ၊အော်စလိုဖိုရိမ်၊ ပြီးတော့ ယူကေသွားရောက်ခဲ့တာရှိပါတယ်။ ဒီလို သွားရောက်တဲ့နေရာမှာ တချို့ခရီးစဉ်တွေက ကျမတို့ နိုင်ငံခြားရေးဝန်ကြီးဌာနချည်းပဲသွားရောက်ခဲ့တာရှိသလို အချို့သော ခရီးစဉ်တွေက တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ Joint Advocacy ခရီးစဉ်သွားရောက်ခဲ့တာဖြစ်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ဆက်လက် ပြောဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာတွင် ပြုလုပ်သော ဆွေးနွေးပွဲမှတစ်ဆင့် နိုင်ငံတကာနှင့် အာဆီယံသို့ မြန်မာ့အရေး အခြေအနေများ အသေးစိတ် ရှင်းပြနိုင်ခဲ့ပြီး ယင်းသို့သော ရှင်းပြနိုင်ခဲ့မှုများကြောင့် မလေးရှားနိုင်ငံ အာဆီယံဥက္ကဋ္ဌသစ်အဖြစ် တာဝန်ယူပြီးနောက် ထုတ်ပြန်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ကြေညာချက်တွင် “မြန်မာ့အရေးသည် ရွေးကောက်ပွဲကျင်းပရုံဖြင့် မဖြေရှင်းနိုင်ဆိုသော” သဘောထားများ ထွက်ပေါ်လာကြောင်း ၎င်းက ရှင်းလင်းပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article