ရန်ကုန်၊ ဇန်နဝါရီ ၃၁
မင်းအောင်လှိုင် ခန့်အပ်ထားသော အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က “ချင်းပြည်သစ်ပါတီ” တည်ထောင်ပြီး ရွေးကောက်ပွဲ ဝင်မည်ဖြစ်ကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင်နေထိုင်သည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန် ဦး ဆောင်ကာ ချင်း ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးဟုန်ငိုင်း၊ အငြိမ်းစား ညွှန်ချုပ် ဒေါက်တာဘမောင်၊ ရာထူးဝန် အဖွဲ့ဝင်ဟောင်း ဦးငွန်မောင်း ၊ ချင်းပါတီခေါင်းဆောင်တစ်ဦး ဦးနိုးထန်ကပ်တို့က ကမ ကထ ပြုလုပ်ကာ ချင်းပြည်သစ်ပါတီကို တည်ထောင်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ချင်းပြည်သစ်ပါတီ တည်ထောင်ဖို့ ဆုံးဖြတ်ချက်ချတယ်။ စကစ ကောင်စီဝင် ဒေါက်တာ မှုထန် ဦး ဆောင်ပြီး ရန်ကုန်မြို့၊ နေပြည်တော် နဲ့ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်က ခေါင်းဆောင်တွေ တွေဆုံတိုင်ပင်ပြီးတော့ စကစက ပြုလုပ်မယ့် ရွေးကောက်ပွဲဝင်ဖို့ ချင်းပြည်သစ်ပါတီ တည် ထောင်ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။”ဟု နေပြည်တော်တပ်သတင်းရင်းမြစ်က ရှင်းပြသည်။
ထိုသို့ ချင်းနိုင်ငံရေးပါတီတည်ထောင်မှုကို စစ်ကောင်စီအရာရှိဟောင်းတချို့က ပါဝင်ရန် ဆန္ဒမရှိ သော်လည်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်ကို မလွန်ဆန်နိုင်၍ လုပ်ဆောင်နေ ကြ ရခြင်းဖြစ်ကြောင်း သိရှိရသည်။
စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်သည် ချင်းပြည်နယ်၊ ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မင်းအောင်လှိုင်က စစ်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – မျက်မှန်နှင့် အလယ်လူမှာ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်ဖြစ်သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar