ကလေးမြို့နယ်၊ တင်သားရွာ ဆေးပေးခန်းနှင့် ကုက္ကိုလ်ရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ မှု ကလေးငယ်များ အပါအဝင် ပြည်သူ ၉ ဦးသေဆုံးပြီး ၃၀ ဦး ထိခိုက်ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တင်သားရွာ ကျေးလက် ကျန်းမာရေး ဆေးပေးခန်းနှင့် ကုက္ကိုလ်ရွာ စာသင်ကျောင်းကို အကြမ်း ဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင် ကလေးငယ်များ အပါအဝင် ပြည်သူ ၉ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်နှင့် ၂၇ မိနစ်ခန့်တွင် ကလေးမြို့နယ် တောင်ပိုင်းရှိ တင်သားရွာ ကျေး လက် ကျန်းမာရေး ဆေးပေးခန်းနှင့် ကုက္ကိုလ်ရွာ စာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးရှောင် ကလေးငယ်များ အပါအဝင် ပြည်သူ ၉ ဦး သေဆုံးပြီး စစ်ဘေးရှောင် ပြည်သူ ၃၀ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများထဲမှ ဒဏ်ရာအခြေအနေ စိုးရိမ်ရသူများလည်း ပါဝင်ပြီး လက်ရှိချိန်တွင် ဆေးကုသမှုများ ပြုလုပ်နေကာ ဒဏ်ရာအခြေအနေကို ဆက်လက် စောင့်လက်စောင့်ကြည့်နေရဆဲ ဖြစ်ကြောင်း သိရှိရသည်။
“တင်သားကျေးရွာနဲ့ ကုက္ကိုလ်ကျေးရွာ အနီးတစ်ဝိုက်ကို စစ်ခွေးတွေက ဗုံးကျဲသွားတာ ဂျက်ဖိုက်တာနဲ့ ကျဲသွားတာ စစ်ဘေးရှောင် ကလေးငယ်တွေ အပါအဝင် အမျိုးသမီး ၉ ဦးသေဆုံးတယ်လို့ သိရတယ်။ စစ်ဘေးရှောင် ပြည်သူ ၃၀ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာရတယ်။ တင်သားရွာ ကျေးလက် ကျန်းမာရေး ဆေးပေးခန်းနဲ့ ကုက္ကိုလ်ကျေးရွာ စာသင်ကျောင်းကတော့ ပျက်စီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ပူးပေါင်းအဖွဲ့များဖြစ်သော SNA (ရှမ်းနီလက် နက်ကိုင်)၊ UNLF (ကသည်းလက်နက်ကိုင်) အဖွဲ့တို့နှင့် တော်လှန်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရသည်။