25 C
Yangon

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများ အစီရင်ခံစာကို Website တွင် ကြည့်သူနည်းနေ၍ ဝန်ထမ်းများ ဝင်ကြည့်ပြီး မှတ်ချက်ရေးရန် စစ်ကောင်စီက အမိန့်ထုတ်

Must read

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုများ အစီရင်ခံစာကို Website တွင် ကြည့်သူနည်းနေ၍ ဝန်ထမ်းများ ဝင်ကြည့်ပြီး မှတ်ချက်ရေးရန် စစ်ကောင်စီက အမိန့်ထုတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

အကြမ်းဖက် စစ်ကောင်စီ၏ ဝန်ကြီးဌာန Website များတွင် ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု အစီရင်ခံစာကို လွှင့်တင်ထားရာ ဝင်ရောက်ကြည့်ရှုသူ နည်းပါးနေသဖြင့် ဝန်ထမ်းများ ဝင်ရောက်ကြည့်ရှုကာ ထောက်ခံကြောင်း မှတ်ချက်များ ဝင်ရေးရန် စစ်ကောင်စီက အမိန့်ထုတ်ထားကြောင်း ဌာနဆိုင်ရာ ဝန်ထမ်းများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီ ၃၁ ရက်နေ့ ဝန်ထမ်းများကို လစာထုတ်ပေးစဉ် ဌာနဆိုင်ရာအကြီးအကဲများက ထိုသို့အမိန့်ထုတ် ညွှန်ကြားခဲ့ခြင်းဖြစ်ပြီး Website များတွင် ၂၀၂၀ ရွေးကောက်ပွဲ မဲမသာမှုများ ရှိခဲ့သည်ဆိုသော ထောက်ခံချက်များ မှတ်ချက်ပေးကြရန် ဖိအားပေးခြင်းဖြစ်ကြောင်း၊ ဝင်မကြည့်သူနှင့် မှတ်ချက် မပေးသည့် ဝန်ထမ်းများကို ရုံးတွင်း အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ဝန်ကြီးဌာနတွေကနေ အခု Post တင်ထားတယ်။ ဝန်ထမ်း အားလုံးက comment မှာ ဟုတ်ပါတယ်။ ဟုတ်ကဲ့ပါ။ လို့ မန့်ပေးရမယ်လို့ အမိန့်ထုတ်ထားတယ်။ မနေ့ လစာထုတ်တဲ့ အစည်းအဝေးမှာ ညွှန်ကြားလိုက်ပါတာပါ။ အဲ့လို မှတ်ချက်မပေးဘူးဆိုရင် အရေးယူမှုတွေ လုပ်သွားမယ်လို့လည်း သိရတယ်” ဟု ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏ Website များတွင် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်” ဟု ဆိုကာ PDF ဖိုင်များဖြင့် ဖော်ပြထားသည်။

စစ်ကောင်စီက ထုတ်ပြန်ထားသော ၂၀၂၀ ရွေးကောက်ပွဲ မဲမသာမှု PDF ဖိုင်တွင် ရွေးကောက်ပွဲအကြိုကာလတွင် ကြိုတင်ကြံစည်ဆောင်ရွက်မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲအလွန်ကာလဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်း စစ်ဆေးဆောင် ရွက်ခြင်း၊ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခြင်းနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ် သုံးသပ်ချက် စသည့်အချက်များကို ဖော်ပြထားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူများက NLD ပါတီကိုသာ ပြတ်ပြတ်သားသား မဲပေး ရွေးချယ်ခဲ့သော်လည်း မဲမသမာမှု လုပ်သည်ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article