27 C
Yangon

စလင်းနှင့် ချောက်မြို့နယ်တို့တွင် ပြည်သူကို ခြိမ်းခြောက်ဆက်ကြေးကောက် ဖမ်းဆီးနေ သည့် ဒုရဲအုပ် လဲလဲ့စိုး(ခ) ဝက်မ နှင့် စစ်တပ်ဒေါက်တိုင် ၁ ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံး

Must read

စလင်းနှင့် ချောက်မြို့နယ်တို့တွင် ပြည်သူကို ခြိမ်းခြောက်ဆက်ကြေးကောက် ဖမ်းဆီးနေ သည့် ဒုရဲအုပ် လဲလဲ့စိုး(ခ) ဝက်မ နှင့် စစ်တပ်ဒေါက်တိုင် ၁ ဦးတို့ ပစ်ခတ်ခံရပြီးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်ဈေးအတွင်း ဒုရဲအုပ် လဲလဲ့စိုး(ခ) ဝက်မက ဆက်ကြေး ဝင်ကောက်နေစဉ် ပစ်ခတ်ရှင်းလင်းခဲ့ရာ‌ ပွဲချင်းပြီး သေဆုံးသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၈ နာရီ ၁၃ မိနစ်က စလင်းမြို့နယ်၊ တညောင်တိုက်နယ် ရဲစခန်း မှ ဒုရဲအုပ် လဲ့လဲ့စိုး (ခ) ဝက်မ သည် တညောင်ဈေးထဲ ပိုက်ဆံလိုက်ကောက်နေစဉ် ပြည်သူ့ကာကွယ် ရေး အဖွဲ့-စလင်းမှ လှည့်ကင်းရဲဘော်များက‌ တွေ့ရှိပြီး ပစ်ခတ်ရှင်းလင်းခဲ့ရာနေရာတွင် ပွဲချင်းပြီးသေ ဆုံးသွားကြောင်း သိရသည်။

“သူက ဈေးထဲမှာ ဆက်ကြေးကောက်နေတုန်း လှည့်ကင်းရဲဘော်တွေက တွေ့ပြီး ရှင်းခဲ့တာ၊ ပစ်ခတ် ရှင်းလင်းပြီးတဲ့အခါ တညောင်ခွဲရုံရှိတယ်၊ ဈေးနားဝန်းကျင်တွေရော အဆက်မပြတ် ဂန်းတွေဖောက် တယ်။ ဂန်းတွေဖောက်ပြီးတော့ လမ်းပိုင်းကို ခဏပိတ်ထားတယ်။ အခုတော့ ပြန်ဖွင့်လိုက်ပေးပြီ။ ရဲဘော်တွေအားလုံးဘေးကင်းစွာ ပြန်ဆုတ်နိုင်ခဲ့ပါတယ်” ဟု စလင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

သေဆုံးသူ ဒုရဲအုပ် လဲ့လဲ့စိုး (ခ) ဝက်မ အပါအဝင် ရဲများအားလုံးကို အလင်းဝင်ရောက်ကြရန် ၃ ကြိမ် တိတိ ဆက်သွယ်အကြောင်းကြားခဲ့သော်လည်း အလင်းဝင်ရောက်လာခြင်းမပြုသည့်အပြင်၊ ပြည်သူ များ အပေါ် ခြိမ်းခြောက်ငွေတောင်းရမ်းမှုနှင့် စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့ကြောင်း သတင်းအတိ အကျရရှိထားသဖြင့် ပစ်ခတ်ရှင်းလင်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါ စစ်ရေးကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇုန် ၃ ရဲဘော်များမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး လတ်တလောတွင် တညောင်ရဲစခန်းနှင့် တညောင်- မြို့လှလျှပ်စစ်ဓာတ်အားပေးရုံမှ စစ်သား များက သေနတ်များပစ်ဖောက်ကာ တညောင်လမ်းပိုင်းများအား ပိတ်ထားကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ် ၁၅ နယ်မြေ ၊တိုးချဲ့ရပ်ကွက်တွင် နေထိုင်သူ အကြမ်းဖက်စစ်တပ် ထောက်တိုင် တင်လှ (ခ) ဒေါင်းတင်အား ပစ်ခတ်ရှင်းလင်းခဲ့ရာနေရာမှာပင် သေဆုံးသွားကြောင်း Chauk Guerrilla Force – C.C.F တာဝန်ခံကို Ko Paing က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် နေ့လည်ပိုင်းက ချောက်မြို့နယ် ၊ အမှတ် ၁၅ နယ်မြေ၊ တိုးချဲ့ရပ် ကွက်တွင်နေထိုင်သူ အကြမ်း ဖက်စစ်တပ်ထောက်တိုင် တင်လှ (ခ)ဒေါင်းတင်အား ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးပြီး မြို့ပြင်သို့ခေါ်ထုတ်၍ ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွား ကြောင်း သိရသည်။

“မြို့ထဲအထိဝင်ဖမ်းခဲ့တာ၊ စခတွေမသိလိုက်ဘူး။ သူလာမယ်ဆိုတာ သတင်းကြိုရလို့ လူပြတ်တဲ့ လမ်းနေရာကနေ စောင့်ဖမ်းပြီးခေါ်ထုတ်လာခဲ့တာပါ။ မှတ်ပုံတင်တစ်ခုနဲ့ ဖုန်းတစ်လုံးတော့ သိမ်း ဆည်းရရှိခဲ့တယ်။ မြို့ပြင်တနေရာမှာ ခေါ်ထုတ်ရှင်းခဲ့တာဆိုတော့ အလောင်းလည်း လာမကောက် နိုင်လောက်ဆိုပြီး ကောင်းကောင်းမွန်မွန်နဲ့ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ပါတယ်” ဟု Chauk Guerrilla Force – C.C.F တာဝန်ခံကို Ko Paing က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

သေဆုံးသူ တင်လှ (ခ) ဒေါင်းတင်သည် အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်း သည့် ကိစ္စများကို ဦးဆောင်ကာ လုပ်ဆောင်ပေးနေသူဖြစ်သည့်အပြင် ၂၀၂၃ ခု နှစ်ကလည်း UG တပ်ဖွဲ့ဝင်များကို လိုက်လံစုံစမ်းကာ အကြမ်းဖက်စစ်တပ်ထံ တိုင်ကြားပြီး ဖမ်းဆီးခိုင်းမှုများရှိခဲ့ သ ဖြင့် ပြည်သူ့အကျိုးစီးပွားကို နှောက်ယှက် ဖျက်ဆီးနေသူ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ မြို့တွင်း အထိဝင်ရောက်ဖမ်းဆီးခဲ့ပြီး ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို Chauk Guerrilla Force – C.G.F နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article