22 C
Yangon

ဘောလခဲ၊ ချိကွဲ့ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီး၊ မြိုင်တွင် စစ်တပ်က သနပ်ပင်ဇင်းရွာကို ပစ်ခတ်မီးရှို့မှု နေအိမ် ၃၀ လုံးပြာကျပြီး ပြည်သူ ၁ ဦး ကျည်ထိမှန်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်၊ ချိကွဲ့ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အမျိုး သမီး ၁ ဦး သေဆုံးပြီး နေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း Bawlakhe PDF ကပြောဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဘောလခဲမြို့နယ်၊ ချိကွဲ့ကျေးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါင် ၅၀၀ ဗုံးဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး နေအိမ် ၁၀ လုံး ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီ၏ နေ့စဥ်နှင့် အမျှ လေ ကြောင်းတိုက်ခိုက်မှုကို ကြိုတင်ကာကွယ်ရန်နှင့် စစ်ရေး အသိ၊ စစ်ရေး သတိရှိကြရန် Bawlakhe PDF က သတိပေးသည်။

ထို့ပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က သနပ်ပင်ဇင်းရွာကို မီးရှို့ခြင်းကြောင့် နေအိမ် ၃၀ လုံးပြာကျခဲ့ပြီး စစ်ဘေးရှောင် ပြည်သူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုကြောင့် အမျိုးသမီး သမီး ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မြိုင်မြို့၊ စက်မှု ၂ ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သနပ်ပင်ဇင်းရွာကို ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၃၀ လုံးပြာကျခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝါးရင်းချိုင်ရွာ တောတိုက်တွင် နေထိုင်သော စစ်ဘေးရှောင်ပြည်သူများကို သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးခြင်းကြောင့် အမျိုးသမီး ၁ ဦး ကျည်ထိမှန်ပြီး ထိခိုက်ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

“သနပ်ပင်ဇင်းရွာကိုတော့ စစ်ခွေးတွေ မီးရှို့ဖျက်ဆီးတာ နေအိမ် ၃၀ လုံးထက်မနည်း ပြာကျသွားတယ်လို့ သိရတယ်။ စစ်ခွေးစစ်ကြောင်းတွေက အဲရွာပတ်ပတ်လည်မှာပဲရှိသေးတော့ ရွာထဲက အခြေအနေကို အတည်ပြုနိုင်ဖို့ ခက်နေပါတယ်။ဝါးရင်းချိုင်ရွာ တောတိုက်ကို လည်း စစ်ခွေးတွေက ဝင်ပစ်လို့ စစ်ဘေးရှောင် အမျိုးသမီး ၁ ဦး လက်ကို ကျည်ထိသွားတယ်။ ဒဏ်ရာအခြေအနေပြင်းထန်တယ်။ လက်က ပြတ်တော့မယ့် အခြေအနေပဲ ဆေးကုသမှု ခံယူနေပြီး ဆက်လက် စောင့်ကြည့်နေရတယ်” ဟု ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့များက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article