ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ TNLA က သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်၊ သပြေရေတောင်ဘုရားကို စစ်တပ်က ယနေ့နံနက်ပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှု ဘုရားနှင့်ကျောင်းဆောင်များ ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် နောင်ချိုမြို့၊ သပြေရေတောင်ဘုရားကို စစ်ကောင်စီက ဂျက်
လေယာဉ်ဖြင့် ဗုံးကျဲခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဗုံးကျဲမှုကြောင့် ကျောင်းဆောင်နှင့် စေတီ ထိခိုက်ပျက်စီးမှုများရှိကြောင်း၊ အဆိုပါ နေရာမှာ သာသနိက နေရာသာဖြစ်ပြီး TNLA တပ်များ တပ်စွဲမှု မရှိကြောင်း သိရှိရသည်။
“အဲဒီနေရာက ဘုရားနဲ့ ကျောင်းဆောင်တွေပဲရှိတာ။ သာသနာ့နယ်မြေပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဇန်နဝါရီလ ၂၁ ရက်နေ့ အကြမ်းဖက်စစ်တပ်က နောင်ချိုမြို့ အထွေထွေအုပ်ချုပ်ရေးရုံးကို ဂျက်ဖိုက်တာနှင့် ပေါင် ၃၀၀ ဗုံး ၂ လုံးကျဲချခဲ့ရာ အဆိုပါ ဗုံးကျဲချမှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကာ အသက် ၁၇ နှစ်အရွယ် အမျိုး သမီး ၁ ဦး၊ အမျိုးသား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ အထွေထွေအုပ်ချုပ်ရေးရုံးနှင့် ရဲစခန်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဇန်နဝါရီလ ၂၁ ရက်နေ့ နောင်ချိုမြို့ အနောက်တောင်ဘက် ၂၀ ကီလိုမီတာ အကွာတွင် ရှိသည့် တော်လှန်ရေးတပ် များထိန်းချုပ်ထားသည့် ကုန်းကြီးရွာမကျေးရွာကိုလည်း အကြမ်းဖက်စစ်တပ်က လေကြောင်းမှ ဗုံး ၁ လုံးကျဲခဲ့သဖြင့် နေအိမ်၂လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဇန်နဝါရီလ ၂၂ ရက်နေ့ နေ့လယ် ၁၁ နာရီခွဲအချိန် နောင်ချိုမြို့ ဈေးရပ်ကွက်ကို ဂျက်ဖိုက်တာ လေယာဉ် ၂ စီးဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကျဲချခဲ့ရာ ပါရမီလက်ဖက်ရည်ဆိုင်နှင့် နေအိမ်၂လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ နောင်ချို မြို့မှ လက်ဖက်ရည်ဆိုင်အပေါ် ဗုံးကျဲမှုကြောင့် ပြည်သူ ၉ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများမှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်၊ ဝန် ထမ်းနှင့် လက်ဖက် ရည်သောက်နေသော ဧည့်သည်များဖြစ်ကာ ၇ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အခြား ၂ ဦးမှာမူ ဆေးရုံ သို့ပို့ဆောင်ပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar