31 C
Yangon

နေပြည်တော်၊ ဒက္ခိဏသီရိတွင် ချိုင်းကျေးရွာအုပ်ချုပ်ရေးမှူးက လူငယ်များကို စစ်မှုထမ်း ကင်းလွတ်ပေးမည်ဟု ရုံးသို့ လိမ်ခေါ်ပြီး စစ်ထဲထည့် ၊ လက်ပံတန်းနှင့် သာယာဝတီတွင် လူငယ် ၂၀ နီးပါးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ချိုင်းကျေးရွာ အုပ်ချုပ်ရေးမှူးက လူငယ်များကို စစ်မှုထမ်း ကင်းလွတ်ခွင့်ပေးမည်ဟု ရုံးသို့ လိမ်လည်ခေါ်ဆောင်ပြီး စစ်တပ်ထဲ ထည့်သွင်းခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၃၀ ရက်နေ့တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာတွင် အုပ်ချုပ်ရေးမှူး ဇော်ဝမ်းက ကျေးရွာသား ကိုချမ်းလင်းမောင်ကို စစ်မူထမ်း ကင်းလွတ်ခွင့်ပြုမည်ဟု ဆိုကာ ကျေးရွာရုံးသို့ လာခဲ့ရန် လိမ်လည်ခေါ်ဆောင်ပြီး စစ်တပ်ထဲသို့ ဖမ်းဆီး ထည့်သွင်းခဲ့ကြောင်း၊ ကိုချမ်းလင်းမောင်သည် မိဘများကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်ပြီး လက်ရှိချိန်တွင် မိဘများလည်း သားဖြစ်သူ စိတ်ကြောင့် ပူဆွေးနေကြကြောင်း သိရသည်။

“ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာမှာ မိဘတွေကဆင်းရဲတော့ မိဘတွေကို လုပ်ကိုင်ကျွေးမွေးနေတဲ့ ကိုချမ်းလင်းမောင်ကို အုပ်ချုပ်ရေးမှူး ဇော်ဝမ်းက စစ်မှုထမ်း ကင်းလွတ်ခွင့်ပြုမယ်ဆိုပြီး ကျေးရွာရုံးကို ခဏလာပါဦး ဆိုပြီး လိမ်ခေါ်ပြီး စစ်တပ်ထဲ ထည့်လိုက်တာ ကောင်လေးရဲ့ မိဘတွေလည်း အဲစိတ်တွေနဲ့ ပူဆွေးနေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်ဝမ်းသည် မူးယစ်ဆေးဝါးများ ရောင်းချပြီး ချမ်းသာနေသော ပျူစောထီး ဇော်ထူးနှင့် မိုးဝင်းတို့နှင့် ပူးပေါင်း၍ ချိုင်းကျေးရွာအတွင်း လောင်းကစားဝိုင်းမျိုးစုံကို လုပ်ခွင့်ပေးထားကြောင်း၊ ဇော်ဝင်းသည် ၎င်း၏ ဆွေမျိုးများမှ လွဲ၍ ကျေးရွာအတွင်းနေထိုင်သော ပြည်သူအားလုံးကို စစ်မှုထမ်းရန် အမြဲခြိမ်းခြောက်နေသူဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်နှင့် သာယာဝတီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၂၀ နီးပါးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် လက်ပံတန်းမြို့နယ်၊ ရေလျှံကျေးရွာ၌ နေထိုင်သော ကိုမျိုးသူရ၊ ကိုသင်္ကြန်မိုးနှင့် အောင်ချမ်းသာကျေးရွာ၌ နေထိုင်သော ကိုဝင်းနိုင်(ခ)အညာသား တို့သည် ဗောဓိပင်အုပ်စု၊ ချောင်းဆုံကျေးရွာရှိ အာဝါဒေးဝိုင်းသို့ သွားရောက်စဥ် အကြမ်းဖက် စစ်ကောင်စီတပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲပိုင်းကလည်း လက်ပံတန်းမြို့နယ်ရှိ ကျုံလဟာ-ဓနင်းကြီး ဆက်သွယ်ရေး လမ်းပိုင်းတွင် အိမ်စီးကား ၁ စီးနှင့် ဖောကား ၁ စီးပေါ်မှ အရပ်ဝတ် ဝတ်ဆင်ထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကလည်း လမ်းသွားလမ်းလာ လူငယ် ၁၅ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံရသော လူငယ်များသည် ဓနင်းကြီးရွာ၊ စိန်တုန်းရွာနှင့် တခြားရွာက လူငယ်များဖြစ်ကြောင်း သိရှိရသည်။

အလားတူ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့၊ အရှေ့လက်ပံခုန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖိုးတာ နှင့် သုံးဆယ်ရဲစခန်းမှ ရဲများက ဖေဖော်ဝါရီလ ၃ ရက် ည ၁၀ နာရီခန့်အချိန် ဖားကူးလမ်းတွင် နတ်ပွဲကြည့်နေသည့် အသက် ၃၀ ခန့်အရွယ် လူငယ် ၂ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article