ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ဘုန်းကြီးနှင့် ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီး တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ရာ အသက် ၁၆ နှစ်အရွယ် မိန်းကလေး ၁ ဦး သေဆုံးပြီး သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့ မွန်လွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကညှင်ကျိုး ကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေပြည်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်ကြူကြူ ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အလှိုင်ကျေးရွာကို ပိန်းဇလုပ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် မီးလောင်ဗုံးများ ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း နေထိုင်သော အသက် ၁၆ နှစ်အရွယ် မစုမွန် ထိမှန် သေဆုံးခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ခလရ ၂၆၄ တပ်ရင်းက ထပ်မံပြီး တောင်ခင်ကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး သက်တော် ၆၀ နှစ်ရှိ ဥူးဇင်းဥက္ကံသ ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar




