33 C
Yangon

အုတ်ဖိုမြို့ရှိ စစ်မှုထမ်းဟောင်းရုံးကို ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ပဲခူးတိုင်း၊ အုတ်ဖိုမြို့ရှိ စစ်မှုထမ်းဟောင်းရုံးကို ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ပဲခူးရိုးမအခြေပြု ရွှေဂဠုန် -စစ် ကြောင် စစ်ရေးတာဝန်ခံ ဂျာနူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်ဖိုမြို့၊ မြို့မ ရဲစခန်းအနီးရှိ စစ်မှုထမ်းဟောင်းရုံးကို ရွှေဂဠုန် – စစ် ကြောင်း တပ်ဖွဲ့ ၁ မှ တော်လှန်ရေး ရဲဘော်များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်တပ်သား ၁ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အဲရုံးမှာက စစ်မှုထမ်း အင်အားကတော့ စစ်မှုထမ်း ကားသမားအပါဝင် ၇ ကောင် အမြဲ ရှိပါတယ်။ ရဲစခန်း နားဆိုတော့ ရဲတွေလဲ လာတတ်တယ်။ ကျနော်တို့ မိုင်းက ကြိုထောင်ထားတာပါ။ မိုင်းကွဲ ပြီးတာနဲ့ စစ်ခွေးတွေ ရဲခွေးတွေ မြို့စောင့်အင်အား အကုန်နီးပါး ကြောက်လန့်ပြီး ၄၀ နီးပါး ရောက်လာကြပါတယ်။ သူတို့ ပိတ်ဆို့ ထားတဲ့ ဂိတ်တွေတောင် ဒီတိုင်းထားခဲ့ကြတာ ကျနော်တို့ ရဲဘော်တွေ ပြန်ဆုတ်ဖို့ အသာ ဖြတ်ခွင့်ရ ခဲ့ပါတယ်။ သူတို့ မြို့ထဲ ကို သေချာပိတ်ဆို့ ထားရဲ့နဲ့ မြို့လယ်ခေါင် မြို့မရဲစခန်း နား စစ်မှုထမ်းရုံးကို မိုင်းခွဲခံရတဲ့အတွက် အရှက်တွေကွဲတာပေါ့” ဟု ရွှေဂဠုန် – စစ်ကြောင်း စစ်ရေးတာဝန်ခံ ဂျာနူးက ပြောဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို “၆၄-နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အထိမ်းအမှတ်” အဖြစ် ဂုဏ်ပြု ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပဲခူးရိုးမ တော်လှန်ရေးတပ်ဦး ဗဟိုဦးစီးအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ “ကဖူဂနောင် စစ်ဆင်ရေး” အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေဂဠုန် – စစ်ကြောင်း စစ်ရေးတာဝန်ခံ ဂျာနူးက ဆက်လက်ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article