33 C
Yangon

အမေရိကန်ရောက် အထောက်အထားမဲ့နှင့် သက်တမ်းလွန် မြန်မာများကို မြန်မာပြည် ပြန်လိုလျှင် သက်သေခံလက်မှတ် ထုတ် ပေး မည်ဟု စစ်ကောင်စီသံရုံး ကြေညာချက် ရိုးသားမှုမရှိဘဲ တော်လှန်ရေးသမားများကို ဖမ်းလိုစိတ် အပြည့်ရှိနေဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

အမေရိကန်ရောက် အထောက်အထားမဲ့နှင့် သက်တမ်းလွန် မြန်မာများကို မြန်မာပြည်လိုလျှင် သက်သေခံလက်မှတ် ထုတ် ပေးမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီ အခြေစိုက် စစ်ကောင်စီသံရုံးက ထုတ်ပြန်ကြေညာသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာသော စစ်ကောင်စီသံရုံး၏ ကြေညာချက်တွင် အမေရိကန်ရောက် မြန်မာ နိုင်ငံသားများအနေဖြင့် အကြောင်းကြောင်းကြောင့် နေထိုင်ခွင့် ဗီဇာစသည့် တရားဝင် အထောက်အထား သက်တမ်းကုန်ဆုံးခြင်း စသည်တို့ ကြုံတွေ့နေရပါက အထောက်အထားမဲ့ နိုင်ငံခြားသား နေရပ်ရွှေ့ပြောင်းသူအဖြစ် သတ်မှတ်ခံရကာ ပြည်နှင်မည့် အနေအထားများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အကယ်၍ နေထိုင်ခွင့် အထောက်အထားမဲ့ သို့မဟုတ် တရားမဝင် ရောက်ရှိနေသူများအနေဖြင့် အမေရိကန်အစိုးရက ပြည်နှင်ချိန်မှ ထွက်ခွာခြင်းထက် ကြိုတင်ထွက်ခွာသင့်ကြောင်း စစ်ကောင်စီသံရုံးက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအပြန်ခရီးအတွက် မည်သည့် ခရီးသွားလက်မှတ်အမျိုးအစားမျှ မရှိပါက (သို့မဟုတ်) နိုင်ငံကူးလက်မှတ် သက် တမ်း လွန်နေပါက မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်ထားရန် ပုံစံနှင့် လိုအပ်ချက်များကို သံရုံး၏ ဝက်ဆိုက်မှ ရယူဖြည့်စွက်၍ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း စစ်ကောင်စီသံရုံးက ထုတ်ပြန်သည်။

“စစ်တပ် သံရုံး ကြေညာချက်ကတော့ သိပ်တော့ မရိုးသားဘူး။ ဘာလို့ဆိုတော့ အမေရိကန်မှာ အထောက်အထားမဲ့မြန်မာတွေကို မြန်မာပြည်ပြန်ခိုင်းနေတာ။ ဘယ်သူက ပြန်မလဲ။ အမေရိကားရောက်ဖို့ဆိုတာက လွယ်တာမဟုတ်ဘူး။ အခုလည်း ဖမ်းနေတာက နယ်စပ်က ခိုးဝင်တွေကို အဓိက ဖမ်းနေတာပါ။ မြန်မာတွေအကုန်က လေယာဉ်နဲ့ တရားဝင် ဝင်လာကြသူတွေချည်းပဲ။ ပြီးမှ ဗီဇာ သက်တမ်းလွန်တာ၊ ခိုလှုံခွင့်တင်ကြတာ။ ဒါကိုလည်း စစ်ကောင်စီသံရုံလည်းသိတယ်။ သိသိနဲ့ ဒီကြေညာချက် ထုတ်တာက အမေရိကန်အစိုးရကို မြန်မာနိုင်ငံသားတွေ ဖမ်းမိရင် သူတို့ တာဝန်ယူမယ်ဆိုတာမျိုး ကမ်းလှမ်းတာ။ မရိုးမသား ကြေညာချက်ပါ” ဟု အမေရိကန်ပြည်ထောင်စု၊ မယ်ရီလန်းပြည်နယ်တွင် နေထိုင်သူ မြန်မာနိုင်ငံသားတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက အမေရိကန်နိုင်ငံသား ရွှေဝါရောင် ဆရာတော် နတ်ဇောကို မြန်မာပြည်ပြန်လာစဉ် ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်းတွင် အင်းစိန်မြို့နယ်တွင် ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ အပါအဝင် ပုဒ်မ များစွာဖြင့် ဖမ်းဆီး တရားစွဲဆိုထားကာ အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article