ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ကရင်နီပြည်၊ ဘောလခဲမြို့အခြေစိုက် ခမရ ၄၂၉ တပ်ရင်းမှ စစ်မှုထမ်းစစ်သား ၁ ဦး လက်နက်ခဲ ယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း KNDF တပ်ရင်း ၉ က ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၃ ရက် နေ့က ဘောလခဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၉ တပ် ရင်း၌ တာဝန်ကျနေသော စစ်မှုထမ်း အပတ်စဉ် ၁ သင်တန်းတက်ရောက်ခဲ့သူ စစ်သား ၁ ဦး သည် လက်နက်ခဲယမ်းနှင့်အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ အမှတ် ၉ တပ်ရင်းထံဆက် သွယ်ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလင်းဝင်ရောက်ခဲ့သူတပ်သားသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်အတည်ပြုပြီး အသက် ဝင်လာသည့် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ဆန္ဒမပါဘဲ စစ်မှုထမ်းရန် မဲပေါက်သည်ဟုဆိုကာ အ တင်းအဓမ္မစစ်တပ်အတွင်း ဆွဲသွင်းခံရကာ စစ်ကောင်စီ၏ အပတ်စဥ် ၁ စစ်မှုထမ်းသင်တန်း တက် ရောက်ခဲ့ရသူဖြစ်ကြောင်း၊ သင်တန်းဆင်းပြီးနောက် ကရင်နီပြည်နယ်၊ ဘောလခဲမြို့အခြေစိုက် ခမရ ၄၂၉ တပ်ရင်းသို့ ပို့ဆောင်ခံခဲ့ရကာ ၂၀၂၄ ခုနှစ် ဇွန်လက စတင်ရောက်ရှိခဲ့ကြောင်း သိရသည်။
ဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်ထဲပို့ခံရခြင်း၊ အာဏာရှင်အတွက် ပြည်သူအချင်းချင်း အဓိပ္ပါယ်မဲ့ တိုက် ခိုက်သတ်ဖြတ်ခြင်းတို့ မပြုလိုခြင်းနှင့် သာမန်လူတစ်ဦးလိုသာ ရိုးရိုးသားသားလုပ်ကိုင်စားသောက်ပြီး ဘဝကို ဖြတ်သန်းလိုခြင်းများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်မှ MA-11 အမျိုးအစားသေနတ် ၁ လက် နှင့် ကျည်ဘောက် ၃ ခုနှင့်တူ ခက်ခက်ခဲခဲ ရုန်းထွက်လွတ်မြောက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း အလင်းဝင် ရောက်ခဲ့သူ စစ်သားက ပြောဆိုထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ တပ်သား ၄ ဦးသည် သေ နတ် ၃ လက်နှင့်အတူ ဘက်ပြောင်းခိုလှုံခဲ့သဖြင့် ၃ လအတွင်း စုစုပေါင်း တပ်သား ၅ ဦး လက်နက် ၄ လက်နှင့် အလင်းဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း KNDF/B-09 တပ်ရင်းထံက သိရသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ အမှတ် ၉ တပ်ရင်းအနေဖြင့် ဘက်ပြောင်းခိုလှုံလာသည့် တပ်သားများအတွက် လိုအပ်သည့်အကူအညီအချို့ကို ပေးအပ်ခဲ့ပြီး သက်ဆိုင်ရာသို့ပို့ဆောင်ကာ လုံခြုံသည့်နေရာတွင် ထားရှိပြီးဖြစ်ကြောင်းနှင့် စစ်ကောင်စီလက်အောက်ရှိ တပ်သားများအနေဖြင့် လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံ ဘက်ပြောင်းခိုလှုံကြရန် တိုက်တွန်းထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476464694_985079380386335_2512101214630315714_n.jpg)