32 C
Yangon

အရာတော်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ အထိနာ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ညောင်ပင်ကန်ကျေးရွာအနီးတွင်အကြမ်းဖက်စစ်တပ် စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သားများ တိုက်ခိုက်သေဆုံးမှုရှိကြောင်း Ba Thu Kyawal Column က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၆ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်က မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် – နမခ မှ အကြမ်းဖက်စစ်သား အင်အား ၁၀၀ ခန့်နှင့် စစ်ကားအကြီး ၃ စီးတို့သည် ဘုတလင်မြို့ ဘက်သို့ မုံရွာ -ရေဦးလမ်းအတိုင်း ထွက်ခွာလာရာ ညောင်ပင်ကန်ကျေးရွာအနီးအရောက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ ပြီး အရေအတွက်အတိအကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းသည် ဘုတလင်မြို့ပေါ်ရှိ စစ်သားများနှင့် တပ်အချိန်းအပြောင်းပြုလုပ် ရန် ထွက်ခွာလာခြင်းဖြစ်ပြီး တိုက်ခိုက်ခံရမှုကြောင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ် အတွင်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Northwestern People Defense Force ယင်းမာပင်ခရိုင် အမှတ် ၉ တပ် ရင်း၏ Ba Thu Kyawal Column ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article