33 C
Yangon

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတွင် အခြေပြုနေသည့် ကျားဖြန့် ငွေလိမ်ဂိုဏ်းနှင့် ကွန်ရက်များကို နှိမ်နင်းမည်ဟု ထိုင်းနှင့်တရုတ် ကတိပြု ၊ မြန်မာကို လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်လိုက်သော ထိုင်းအစိုးရ၏ လုပ်ရပ်ကို တရုတ် ချီးကျူး

Must read

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတွင် အခြေပြုနေသည့် ကျားဖြန့် ငွေလိမ်ဂိုဏ်းနှင့် ကွန်ရက်များကို နှိမ်နင်းမည်ဟု ထိုင်းနှင့်တရုတ် ကတိပြု ၊ မြန်မာကို လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်လိုက်သော ထိုင်းအစိုးရ၏ လုပ်ရပ်ကို တရုတ် ချီးကျူး

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အခြေပြုနေသည့် ကျားဖြန့် ငွေလိမ်ကွန်ရက်ကို ဖြိုခွင်းနှိမ်နင်းမည်ဟု ထိုင်းနှင့်တရုတ်နှစ်နိုင်ငံခေါင်းဆောင်များ ကတိပြုလိုက်ကြောင်း အေပီသတင်းတစ်ရပ်အရ သိရှိရသည်။

တရုတ်သမ္မတ Xi Jinping နှင့် ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra တို့က ဘေဂျင်းတွင် ယမန်နေ့ တွေ့ဆုံစဉ် ခေါင်း ဆောင်နှစ်ဦးက မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အခြေပြုနေသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းကွန်ရက်များကို နှိမ်နင်းမည်ဟု ကတိပြုခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြန်မာ၊ ကမ္ဘော ဒီးယားနှင့် လာအိုတို့တွင် အခြေပြု၍ ကျားဖြန့်ဂိုဏ်းများက ကမ္ဘာတစ်ဝန်းရှိ ပြည်သူများကို ပစ်မှတ်ထာု အွန်လိုင်းလိမ်လည်လှည့်ဖြားမှုများ လုပ်ဆောင်ခြင်း၊ လူကုန်ကူးပြီး အတင်းအဓမ္မ အလုပ်ခိုင်းစေကာ အွန်လိုင်းလိမ်လည်လှည့်ဖြားမှုများကို ခိုင်းစေနေကြောင်း သိရှိရသည်။

“အွန်လိုင်းလောင်းကစားလိမ်လည်မှုကို တိုက်ဖျက်ဖို့ ထိုင်းနိုင်ငံရဲ့ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေကို တရုတ်နိုင်ငံက ကျေးဇူးတင်ပါတယ်။ နှစ်ဖက်စလုံး တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်ပြီး အားကောင်းအောင် လုပ်ဆောင်သင့်ပါတယ်” ဟု တရုတ်သမ္မတရှီကျင့်ပင်က ပြောဆိုသည်။

ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ အပါအဝင် အိမ်နီးနားချင်းနိုင်ငံများနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် ဆန္ဒရှိကြောင်း၊ ကျားဖြန့် အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုကဲ့သို့သော နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုများကို တိုက်ဖျက်ရန် ပြတ်သား ထိရောက်သော အစီအမံများကို လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ထိုင်းဝန်ကြီးချုပ်က ​ပြောဆိုသည်။

ထိုင်းဝန်ကြီးချုပ်က တရုတ်ခရီးစဉ်မတိုင်မီ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကျားဖြန့်ဂိုဏ်းများ အခြေစိုက်ရာ ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်အခြမ်းရှိ မြ၀တီ၊ တာချီလိတ်နှင့် ဘုရားသူဆူ ဒေသများသို့ လျှပ်စစ်မီးနှင့် လောင်စာဆီများ ဖြတ်တောက်ခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article