ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆည်ကံကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံး ပြီး PDF တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ စလင်းမြို့နယ်၊ ကံပြားရဲစခန်းသို့ စစ်ကား ၇ စီးဖြင့် စစ်သား အင်အား ၁၀၀ ကျော်ပို့ဆောင်ခဲ့ကြောင်း၊ ထို့နောက် ဖေဖော်ဝါရီလ ၉ ရက် နံနက် ၈ နာရီခန့်တွင်လင်းဇင်း တိုက်နယ်၊ ဆည်ကံရွာသို့ ရောက်ရှိလာပြီး လင်းဇင်းရွာရှိ စစ်ကောင်စီတပ်သားများနှင့်ပူးပေါင်းကာ အင်အား ၁၅၀ ကျော် စစ်ကြောင်း ၃ ကြောင်းဖြန့်ခွဲ၍ လက်နက်ကြီး၊ လက် နက်ငယ်များဖြင့်ပစ်ခတ် ကာ အုန်းတောကျေးရွာဘက်သို့ တက်လာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ခဲ့ ကြောင်း သိရသည်။
ယင်းတိုက်ပွဲသည် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှ စတင်ပြီး ၂ နာရီကျော်ကြာ အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ခဲ့ကာ လက် နက်အင်အားမမျှသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ပြန်လည်ဆုတ်ခွာခဲ့ရ ကြောင်း၊ ယင်းတိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထောင်ထားသည့် မိုင်းထိခြင်း၊ ပစ်ခတ် သည့် ကျည်ထိမှန်ခြင်းတို့ကြောင့် စစ်ကောင်စီတပ်သား ၂ ဦးပွဲချင်းပြီးသေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ ဒေါင်းစစ် အောင် (LPDF) နှင့် Burma Army (BA)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းမှ တပ်ခွဲမှုး နဂါးလေး (ခ) နိုင်ထက်ဦး ဦးခေါင်းကျည်ထိမှန်၍ ကျဆုံးခဲ့ကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဆုတ်ခွာပေးရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများ သည် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် အုန်းတောကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ပြည်သူပိုင် ပစ္စည်း များကို ခိုးယူပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် မွန်းတည့် ၁၂ နာရီခန့်တွင် မြောင်း ကျေးရွာသို့ ထပ်မံဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူပြီး နေအိမ်များကို ထပ်မံ မီးရှို့ဖျက် ဆီးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်သူပိုင်ပစ္စည်းများကို စစ်ကားများဖြင့် တင်ဆောင်ပြီး ညနေ ၂ နာရီ ၃၀ မိနစ်အချိန် တွင် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/477516266_987618096799130_9192144790856597712_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476333416_987618146799125_3942749831207801798_n.jpg)