22 C
Yangon

မိုးကုတ်မြို့ကို ယနေ့ နံနက်အစောပိုင်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးအလုံး ၃၀ နီးပါး ကျဲချမှု ပြည်သူ ၃ ဦးထက်မနည်း သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်းတွင် TNLA တအာင်းတပ်က သိမ်းပိုက်ထားသော မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ နံနက်အစောပိုင်း လေယာဉ်ဖြင့် ဗုံးအလုံး ၃၀ နီးပါး ကျဲချခဲ့ရာ ပြည်သူ ၃ ဦးထက်မနည်း သေဆုံးပြီး ၂၀ နီးပါး ဒဏ်ရာရရှိကြောင်း TNLA သတင်းရင်းမြစ်နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၀၀ နာရီ ၈ မိနစ်မှ ၀၀ နာရီ ၃၇ မိနစ်အချိန်အထိ မိုးကုတ်မြို့ အနောက်ပိုင်း၊ ဝင်းထရံ လုပ်ကွက်ကို Y 12 လေယာဉ်ဖြင့် ၇ ကြိမ်ထက်မနည်း ဗုံးကျဲချခဲ့ကြောင်း၊ စုစုပေါင်း ဗုံးအလုံးရေ ၂၈ လုံး ကျဲချခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲမှုကြောင့် ပြည်သူ ၃ ဦး အသက်ဆုံးရှုံးပြီး ၂ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

TNLA ကလည်း ယနေ့ နံနက် ၁ နာရီအချိန် မိုးကုတ်မြို့ နယ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးလာရောက်ကျဲချတိုက် ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၈ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မိုးကုတ်မြို့ကိုလည်း အကြမ်းဖက် စစ်တပ်က Y-12 လေယာဥ်ဖြင့် ဗုံးသီး အလုံး ၂၀ လုံး လာရောက်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါဗုံးကျဲတိုက်ခိုက်မှုတွင် စစ်တပ်က မိုးကုတ်မြို့ အတွင်းရှိ ဂေါက်ကွင်းကို ဗုံး ၁၄ လုံးနှင့် မစိုးရိမ်ကျောင်းတိုက်ကို ဗုံး ၅ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေ ကြောင်း တိုက်ခိုက်မှု အတွင်း နေအိမ် ၅ လုံး၊ ဘုန်းကြီးကျောင်းနှင့် မော်တော်ယာဥ် ၁ စီး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article