ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း People’s Defense Force – South Monywa မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က မုံရွာမြို့နယ်၊ တောပုရွာပျူစောထီးစခန်း မှ စစ်သား၊ ပျူစောထီးများ အင်အား ၃၀ ခန့်သည် မုံရွာ -ချောင်းဦးလမ်းပိုင်း လုံခြုံရေးယူရန်အတွက် ထွက်လာပြီးနောက် ၎င်းတို့စုရပ်နေရာ၌ သောက်စားခဲ့ကြောင်း၊ တော်လှန်ရေးတပ်က အထူးပြုလုပ်ထားသော ပဒေသာမိုင်း ၃ လုံး ပွိုင့် ၁ ပွိုင့်၊ ၂ လုံးပွိုင့် ၁ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦး ပွဲချင်းပြီးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အင်အားက ၃၀ လောက်ရှိပါတယ်။ မိုင်းကို ဖင်ခုထိုင်နေကြတာ၊ ကွက်တိပဲ ဆွဲနိုင်ခဲ့တယ်။ ပွဲချင်းပြီး ၄ ဦးသေတယ်။ သေတဲ့ ၄ ဦးကိုတော့ တောပုရွာထဲကို ကားနဲ့သယ်သွားတာ။ ကျန်တဲ့ သူတွေကို တော့ လူနာတင်ကား ၃ စီးနဲ့ မုံရွာစစ်ဆေးရုံထဲကို သယ် သွားပါတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ သေ တာရှိအုံးမယ်။ စုံစမ်းမရသေးလို့ပါ” ဟု People’s Defense Force – South Monywa မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defense Force – South Monywa တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မုံရွာ-မန္တလေးလမ်းပိုင်းအားအသုံးပြုနေကြသော ပြည် သူများ အနေဖြင့် စစ်ကောင်စီကားတန်းများနှင့်တွေ့ပါက ခပ်ဝေးဝေးမှရှောင်ရှားကြရန်နှင့် တိုက်ပွဲ ဖြစ်ပွားနေများသည်နှင့် ကြုံတွေ့ပါက ရောက်သည့်နေရာမှရပ်တန့်ပေးပါရန် မေတ္တာရပ်ခံ ထား သည်။
အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက် နံနက် ၉ နာရီခန့်က ငါန်းဇွန်မြို့နယ် ၊ မြို့သာရဲစခန်းမှ ရဲ ၂ ဦး သည် ရဲစခန်းနှင့် မီတာ ၂၀၀ ခန့်အကွာ ဈေးအတွင်းရှိ ပြည်သူများထံမှ ပစ္စည်းလုယက်ရန်နှင့် ကင်း ပတ် ထွက်လာစဉ် နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ရဲဘော်များက ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးပွဲချင်းပြီးသေဆုံးပြီး ၁ ဦး ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိသွားသော ရဲများကို ကားဖြင့် လာရောက် သယ်ယူစဉ် ထပ်မံ၍ မိုင်း ၁ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများတွင် မင်းနေကုန်းရဲစခန်းမှ ရဲတပ်သား လင်းအောင်ဆိုပါသူ ပါဝင်ပြီး ၎င်းတို့ကို မြို့သာ ဆေးရုံမှတဆင့် မန္တလေးဆေးရုံသို့ ထပ်မံပို့ဆောင်လိုက်ကြောင်း သိရသည်။
“ရဲစခန်းနဲ့ ဈေးက မလှမ်းမကမ်းမှာရှိတာဆိုတော့ ကင်းပတ်ရင်း ဈေးထဲမှာရှိတဲ့ ပြည်သူတွေဆီက လိုချင်တဲ့ပစ္စည်းတွေ ယူဖို့ပါ။ ၂ ဦးထွက်လာတာ၊ တစ်ဦးက ဒူးဆစ်ကနေ ပြတ်ထွက်သွားတာ၊ တစ် ဦးက နေရာမှာတင်ပွဲချင်းပြီးသေတယ်။ အဲဒီလူတွေက နောက်ထပ်ကားနဲ့ လာကောက်တာ။ အဲဒီမှာ ထပ်ခွဲလိုက်တော့ ၂ ဦးဒဏ်ရာရတယ်။ စုစုပေါင်း ၁ ဦးသေ၊ ၃ ဦးဒဏ်ရာအပြင်းအထန်ရတာ။ ဒဏ်ရာ ရတဲ့သူတွေကို မြို့သာဆေးရုံကမနိုင်လို့ဆိုပြီး မန္တလေးဆေးရုံပို့လိုက်တယ်လို့ သိရတယ်”ဟု နဂါးနီ ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်လည်း မြို့သာစက်မှုဇုန်အတွင်း၌ စစ်ကား ၂ စီးဖြင့် စစ်ကောင်စီတပ် သားများရောက်ရှိနေပြီး ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ တပ်သားများနေထိုင် သွားလာရာ ပတ်ဝန်းကျင်မှ ရှောင်ရှား ၊ သွားလာလှုပ်ရှာမှုပြု လုပ်ကြရန်၊ ခရီးသွားပြည်သူ ကား များအနေဖြင့်လည်း ည ၈ နာရီခွဲကျော်ပါက ဖြတ်သန်းသွားလာခြင်းမပြုဘဲ ရပ် နားပေးကြပါရန် တော်လှန်ရေးတပ်များက မေတ္တာရပ်ခံထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476822846_987598196801120_3093969549200611958_n.jpg)