ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
ချင်းပြည်နယ်၊ ဟားခါး-ထန်တလန်အကြားရှိ ပွိုင့်-၃ စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး လက်နက် ၃ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဟားခါး-ထန်တလန်ကြားတွင် ခြေကုပ်ယူထားသော ပွိုင့်-၃ စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦးသည် ချင်းအမျိုးသားတပ်မတော် (CNA) ထံသို့ လက်နက် ၃ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အလင်းဝင်လာသူများကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ချင်းအမျိုးသားတပ်မတော်က လက်နက် ၁ လက်ကို ငွေကျပ် သိန်း ၅၀ ကျပ် ဆုငွေချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်၊ တောစိမ့်ရွာအနီးရှိ ခလရ ၂၅၅ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦး လက်နက် ၁ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စလင်းမြို့နယ်၊ တောစိမ့်ရွာအနီးရှိ ခလရ ၂၅၅ တပ်ရင်းမှ စစ်ကောင်စီ တပ်သား ၁ ဦးသည် မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။
အလင်းဝင်လာသော စစ်ကောင်စီ တပ်သားသည် MA1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခု ၊ 5.56 ကျည် ၁၀၀ တောင့် နှင့် အလင်းဝင်လာသောကြောင့် ဆုငွေ ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476748220_987751480119125_3774843851536437358_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476347134_987751543452452_5593507575800681651_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/477518241_987751606785779_2816694671920051495_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/477227540_987751700119103_7804208912588203137_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/476648485_987751756785764_887026887212153572_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/477179821_987751916785748_8921169461173716028_n.jpg)