26 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကရင်ပြည်နယ် မြ၀တီမြို့မှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ BGF ထိန်းချုပ်ထားတဲ့ ကျောက်ခတ် ဒေသက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေမှာ ပါကစ္စတန်နိုင်ငံသား ၅ ဦး ထက်မနည်း ပိတ်လှောင်ညှင်းပန်းနှိပ်စက်ခံနေရပြီး ကူညီကယ်တင်ပေးဖို့ ဓါတ်ပုံတွေနဲ့တကွ တောင်းဆိုလာကြသလို အဲ့ဒီ့လို အကူညီတောင်းခံလာတာကို ထိုင်းအစိုးရဘက်ကလည်း ရရှိထားတယ်လို့ ထိုင်း-မြန်မာနယ်စပ် မှာရှိတဲ့ လူမှုကူညီရေးဆောင်ရွက်နေသူတချို့က ပြောပါတယ်။
  • အကြမ်းဖက် စစ်အာဏာရှင်ကို တော်လှန်နေတဲ့ တိုင်းရင်းသး တော်လှန်ရေး မဟာမိတ်အဖွဲ့တွေဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်မျဉ်းပေါ်အသီးသီးမှာ အားပြုရပ်တည်နေရတာဖြစ်တဲ့အတွက် တိုင်းရင်းသားတော်လှန်ရေးတပ်တွေအပေါ် အမြင်မတိမ်းစောင်းကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလ က သတိပေးပန်ကြားလိုက်ပါတယ်။
  • ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ရှမ်းလယ်ပြင်တပ်စခန်းအတွက် စစ်ကူလာတဲ့ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခြေမှုန်းအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးဝန်းကျင်ကတော့ အသီးသီး‌သေကုန်ကြတဲ့အပြင် အဲဒီ စစ်သားတွေရဲ့ မသာအလောင်းနဲ့အတူ လက်နက်ခဲယမ်း အချို့ကိုလည်း သိမ်းဆည်း ရရှိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article