29 C
Yangon

သံတောင်ကြီးတိုက်ပွဲတွင် ခလရ ၂၉ မှ ဒုတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သိန်းသန်း အပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီး စစ်တပ်က အလောင်းများကို လုံး၀ လာမကောက်ဘဲ စွန့်ပစ်ထား

Must read

သံတောင်ကြီးတိုက်ပွဲတွင် ခလရ ၂၉ မှ ဒုတပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သိန်းသန်း အပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီး စစ်တပ်က အလောင်းများကို လုံး၀ လာမကောက်ဘဲ စွန့်ပစ်ထား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ကရင်ပြည်နယ်။ သံတောင်ကြီးမြို့နယ်၊ ရှမ်းလယ်ပြင်စစ်ခန်းသို့ စစ်ကူလာသည့် ခလရ ၂၉ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိန်းသန်း အပါအဝင် စစ်သား ၁၅ ဦး သေဆုံးခဲ့ပြီး အလောင်းများကို လုံး၀ လာမကောက်ဘဲ စွန့်ပစ်ထားထားကြောင်း KNLA တပ်မဟာ ၂ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့မှစတင်၍ တော်လှန်ရေးတပ်များက သံတောင်ကြီးမြို့နယ်၊ ရှမ်းလယ်ပြင် စစ်ကောင်စီတပ်စခန်းကို ပိတ်ဆို့ ခဲ့ပြီးနောက် နေ့စဉ်နေ့တိုင်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က လေကြောင်းပစ်ကူ၊ လက်နက် ကြီးပစ်ကူများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျေးကတော့တပ်စခန်းမှ စစ်ကူ စစ်ကြောင်းက ပိတ်ဆို့ခံထားရသော ရှမ်းလယ်ပြင်စစ်တပ်စခန်းသို့ စစ်ကူ လာကြောင်း၊ အဆိုပါစစ်ကြောင်းကို KNLA ဦး ဆောင်သော တပ်များက ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်း ဆည်းရရှိကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီလ ၇ ရက်နေ့ တိုက်ပွဲမှာ သေဆုံးတဲ့ စခ ၁၅ ကောင်မှာ တစ်ဦးက ခလရ ၂၉ ဒုတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သိန်းသန်းဖြစ်ပါတယ်။ သူ့အလောင်းရော ကျန်တဲ့ အလောင်းတွေ စုစုပေါင်း ၁၅ လောင်းကို လာလည်း မကောက်ကြဘူး။ သေဆုံးသူတွေထဲမှာ အင်ဂျင်နီယာတပ်က မိုင်းဆရာ တပ်ကြပ်ကြီး၊ အခြားတပ်ကြပ်တစ်ဦးလည်း ပါတယ်။ အဲဒီလူတွေက ပညာရှင်တွေမို့ တပ်တွင်းမှာ ဆုံးရှုံးမှုကြီးတယ် ဆိုပြီး လုပ်နေကြတယ်” ဟု KNLA တပ်မဟာ ၂ မှ တာဝန်ရှိသူက ရှင်းပြသည်။

လက်ရှိအချိန်အထိ KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ရှမ်းလယ်ပြင် စစ်တပ်စခန်းကို ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်ကြောင်း ၊စစ်ကောင်စီတပ်များဘက်မှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်မှုများရှိနေကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်စခန်းကို ပိတ်ဆို့ရာတွင် KNLAတပ်မဟာ ၂ အထူးတပ်ရင်း KNDO တပ်ခွဲ ၄ နှင့်အတူ NPTF (806) တို့က ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း ပါဝင်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article