26 C
Yangon

သဲကုန်းမြို့နယ်တွင် PDF တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသည့် မောင်ပြုံး (ခ) ဓါးငပြုံး ပစ်ခတ်ခံရပြီး သေဆုံး

Must read

သဲကုန်းမြို့နယ်တွင် PDF တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသည့် မောင်ပြုံး (ခ) ဓါးငပြုံး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် PDF တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသည့် မောင်ပြုံး (ခ) ဓါးငပြုံး ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် သဲကုန်းမြို့နယ်၊ ရပ်ကွက် ၂ ၊ အားကစားကွက်သစ် အမှတ် ၄၇ စူဌမုနိလမ်းတွင် နေထိုင်သော မောင်ပြုံး (ခ) ဓါးငပြုံးသည် ဓါးသွေးကျောက်ရွာရှိ ၎င်း ယောက္ခမ နေအိမ်အရောက်တွင် တော်လှန်ရေး ရဲဘော်များက ပိတ်ဆို့ဖမ်းဆီးစဉ် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ သေနတ်ကျည် ၄ ချက်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ဓါးငပြုံး သည် ပျူစောထီး အပါတ်စဉ် ၁ သင်တန်းကို အင်းမ ခမရ-၅ တပ်ရင်းထဲတွင် ၁၄ ရက်ကြာ တက်ရောက်ခဲ့သူဖြစ်ပြီး ၄င်းနှင့်အတူ သဲကုန်းမြို့နယ် ရပ်ကွက် ၁ ၊ ၂ ၃ ၄ တို့မှ အင်အား ၅၀ ဦးခန့်ပါ တက်ရောက်ခဲ့ကြောင်း၊ ထို့ပြင် ဓါးငပြုံးသည် မြို့ပေါ်နှင့် တောထဲပါ မကျန် တော်လှန်ရေးတပ်ဖွဲများ၏ လှုပ်ရှားမှု သတင်းများကို ထောက်လှမ်းပြီး တပ်မ ၆၆ လက်အောက်ခံ အင်းမ ခမရ ၅ တပ်ရင်းထဲကို သတင်းပေးပို့နေပြီး ပြည်သူများကို လည်းဖမ်းဆီးမှုများ ပြုလုပ်နေခြင်းကြောင့် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ (PPDF) တပ်ရင်း တပ်ခွဲ ၁ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် သေဆုံးသွားသော ဓါးငပြုံး ထံမှ ပျူစောထီး ဝတ်စုံ ၁ စုံ၊ ပျူစောထီး ဦးထုပ် ၁ လုံး၊ ကျည်ခွံ များလည်း သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article